ကျပ်ငွေ(၆၄၈၈၄၀၀၀၀) ကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။
Aye Myat Mon

ရန်ကုန်က အသက် ၈၅ နှစ်အထက် ဘိုးဘွားဦးရေ နှစ်သောင်းကျော်နဲ့ မသန်စွမ်းသူပေါင်း ကိုးထောင်ကျော်အတွက် ထောက်ပံ့ငွေပေါင်း ၆၄၈၈ သိန်းကျော်ကို ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပေးအပ်ခဲ့တယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်

အလှုငွေကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်က အသက်(၈၅)နှစ်အထက် ဘိုးဘွား (၂၁၆၂၈ ) ဦးအတွက်နဲ့ မသန်စွမ်းသူ (၉၅၇၈ ) ဦးအတွက် ကျပ်ငွေ(၆၄၈၈၄၀၀၀၀) ကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။



ါ့အပြင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားတဲ့ မိုးစပါးစိုက်ဧက(၂၈၇၀၅) ဧကအတွက် တစ်ဧကကို ကျပ် တစ်သောင်းနှုန်းနဲ့ ၂၈ သန်းကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ 

ရန်ကုန်က အသက် ၈၅ နှစ်အထက်သက်ကြီးရွယ်အိုတွေကို ကျပ်တစ်သောင်းနှုန်းနဲ့ ထောက်ပံ့ပေးဖို့အတွက် တိုင်းအစိုးရနဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ


Author


က္က