Ei Ei Htun

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ 66kv၊ 33kv ဓာတ်အားခွဲရုံများတွေကနေ Distribution Transformer တွေ ထိန်းသိမ်းပြုပြင်မှုလုပ်ငန်း လုပ်ဆောင်မှာဖြစ်တာကြောင့် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်မယ်လို့ သိရပါတယ်။

Photo - Ranked page

ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝနိုင်ရေးအတွက် ဓာတ်အားလိုင်းကြိုးအသစ် လဲလှယ်မှုတွေနဲ့ မိုးကြိုကာလ သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှာဖြစ်တာကြောင့် ဧပြီ ၂၃ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှာ ဖြစ်ပါတယ်။

အဆိုပါရက်တွေမှာ မနက်ပိုင်း ၉ နာရီကနေ ၁၂ နာရီအထိ လုပ်ငန်းတွေဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် လျှပ်စစ်မီး ၃ နာရီကြာ ပြတ်တောက်မှုဖြစ်မယ်လို့ ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။

လျှပ်စစ်ဓါတ်အားပြတ်တောက်မယ့် နေရာတွေကတော့ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သင်္ကန်းကျွန်း၊ ဗိုလ်တစ်ထောင်၊ လမ်းမတော်၊ ကမာရွတ်၊ မရမ်းကုန်း၊ အလုံ၊ လှိုင်၊ ဗဟန်း၊ လသာ၊ စမ်းချောင်း၊သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ဒလ၊ တံတား၊ ကော့မှူး ၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ မှော်ဘီ၊ တိုက်ကြီး၊ အဖျောက်၊ လှည်းကူး၊ ထောက်ကြန့်၊ ရွှေပြည်သာမြို့နယ်တွေဖြစ်ကြပါတယ်။

ယာယီ ဓာတ်အားပြတ်တောက်ရခြင်းအတွက် ရန်ကုန်လျှပ်စစ် ဓာတ်အားကော်ပိုရေးရှင်းက အများပြည်သူများကို လေးစားစွာ ကြိုတင်တောင်းပန်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က