ကားပါကင်ကြေးကောက်ခံတာကို ၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းလုပ်ဆောင်ခဲ့ဖူးပြီး ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ရန်ကုန် မြို့တွင်း ၆ မြို့နယ်မှာ smart parking စနစ်လုပ်ဖို့ စည်ပင်က တင်ဒါထပ်မံခေါ်ယူလိုက်ပါတယ်။

“အဲ့ဒါက ယာဉ်ရပ်နားခကောက်ခံတဲ့စနစ်ကို ပြောတာပါ။ လမ်းတွေမှာရပ်တဲ့ ကားပါကင်ခကို ပြောတာပါ။ လာမယ့် တနလာၤနေ့ကျရင် ဖောင်တွေရောင်းပါမယ်။ ကျပ်ငါးသောင်းအောက်မှာပါ ” လို့ အင်ဂျင်နီယာဌာန (လမ်းနဲ့ တံတား)က တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။



ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တွင်း ၆ မြို့ူနယ်ရှိ ယာဉ်ရပ်နားကန့်သတ်ဇုန်တွေမှာ smart parking လုပ်ငန်းကို အကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်း၊ပြည်ပ ကုမ္ပဏီတွေကို စိတ်ဝင်စားမှု အဆိုပြုဖော်ပြတဲ့ အဆိုပြုလွှာတွေ တင်သွင်းဖို့ ဖိတ်ခေါ်ထားတာပါ။

အဆိုပါ အဆိုပြုလျှောက်လွှာတွေကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ မြို့တော်စည်ပင်က လမ်း၊ တံတားဌာနမှာ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အဆိုပါဌာနသို့ ပြန်လည်တင်သွင်းရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ အင်ဂျင်နီယာဌာန( ဖုန်း ၀၉- ၅၁၀၃၂၅၀) ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ကြေညာထားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း စည်ပင်ကနေ ကားပါကင်ကောက်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ ကားပါကင်ကြေးကောက်ခံတာကို ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ လုပ်ဆောင်ခဲ့ဖူးပြီး ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က