မြို့ထဲဖက်တော့ မရလောက်သေးပါဘူး။

ရန်ကုန်က YBS မရောက်တဲ့နေရာတွေမှာ လျှပ်စစ်ဆိုင်ကယ်စီးနင်းခွင့်ပြုဖို့အတွက်ဆွေးနွေးနေတယ်လို့ YRTA ကနေ သိရပါတယ်။



Photo - Aye Min Soe

“ ဆွေးနွေးနေတုန်းပါပဲ။ကျွန်တော်တို့မြို့စွန်တွေမှာ စီးနင်းခိုင်းဖို့ပေါ့ ။အခုတော့ခွင့်မပြုသေးပါဘူးဆွေးနွေးနေတုန်းပါပဲ။” လို့ YRTA က အတွင်းရေးမှုး ဒေါက်တာမောင်အောင်က ပြောပါတယ်။

လျှပ်စစ်မော်တော်ဆိုင်ကယ်တွေကို YBS တွေလုံလောက်စွာပြေးဆွဲနိုင်ခြင်းမရှိတဲ့ မြို့နယ်တွေမှာ စီးနင်းခွင့်ပေးဖို့ စီစဉ်နေတာဖြစ်ပြီးတော့ လက်ရှိမှာတော့ စီးနင်းခွင့်မပြုသေးဘူးလို့ ပြောပါတယ်။

လျှပ်စစ်မော်တော်ဆိုင်ကယ်တွေကိုတော့ လက်ရှိမှာ မြို့နယ်တွေက ရပ်ကွက်အချို့မှာစီးနင်းနေပေမယ့်လည်း တရားဝင်ခွင့်ပြုထားတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

လှိုင်သာယာ၊ရွှေပြည်သာ၊မင်္ဂလာဒုံ၊တိုက်ကြီးနဲ့ မြောက်ဥက္ကလာပမြို့က နေရာအချို့မှာ YBS ဘတ်စ်ကား ပြေးဆွဲဖို့လိုအပ်ချက်ရှိနေတာကြောင့် မော်တော်ဆိုင်ကယ်စီးနင်းခွင့်ထုတ်ပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ စည်ပင်သာယာ ပြင်ပ ၁၂ မြို့နယ်နဲ့ ဆိပ်ကြီးခနောင်တို နဲ့ ဒလတို့မှာ ဆိုင်ကယ်စီးနင်းခွင့်ပြုထားပါတယ်။

Share

Loading Next Article...
က္က