စောင့်ကြည့်ပြီး အချက်အလက်တွေကိုသာ ရယူစစ်ဆေးဖို့ပဲ ရှိတာပါ။
Kyaw Ko Ko Sint

ရန်ကုန်ကနေ နေပြည်တော်ကိုလာသူတွေ Quarantine ဝင်ရမယ်လို့ လူမှုကွန်ရက်မှာသတင်းတွေ ပျံ့နှံ့လာလာခဲ့တာပါ။

ရန်ကုန်ကနေ နေပြည်တော်ကိုလာသူများ Quarantine ဝင်ရမယ်ဆိုပြီး ထွက်ပေါ်နေတဲ့သတင်းအပေါ် မဟုတ်မှန် ကြောင်း နေပြည်တော် ဒု-မြို့တော်ဝန်က Duwun ကို ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၁၄ရက်နေ့ နေ့လည်ပိုင်းလောက်ကစပြီး ရန်ကုန်ကနေ နေပြည်တော်ကို လာရောက်သူတွေအကုန် ၏လုံး Quarantine ဝင်ရမယ်လို့ လူမှုကွန်ရက်ပေါ်မှာသတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ လူမှုကွန်ရက်ကနေတဆင့်လည်း ဖြေရှင်းပြီးသား ဖြစ်ပါတယ်။ကျွန်တော့်ဆီ ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ညွှန်ကြားချက် မရှိပါဘူး။ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။”လို့ နေပြည်တော် ဒု-မြို့တော်ဝန် ဦးရဲမင်းဦးက ပြောပါတယ်။

ဦးရဲမင်းဦးရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာလည်း “ အခုအချိန်အထိ (နေ့လည် ၁၂:၃၀)၊ နေပြည်တော်သို့ ဝင်လာသူများကို အချက်အလက်ရယူရန် စစ်ဆေးခြင်း (Registration) သာ ပြုလုပ်ရန် သက်ဆိုင်ရာမှ ညွှန်ကြား ထားပါသည်။ မည်သူ့ကိုမျှ သီးခြားခွဲထားရန် (Quarantine) လုပ်ရန် ညွှန်ကြားထားခြင်း မရှိပါ။”လို့ ရေးသား ဖော်ပြထားပါတယ်။

 မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၅၂ ဦးရှိရာမှာ ရန်ကုန်တိုင်းဒေသကြီးက ၄၉ ဦးနဲ့ အများဆုံး ဖြစ်နေပြီး နေပြည်တော်မှာလည်း ၁ဦး တွေ့ရှိထားခဲ့ပါတယ်။ နေပြည်တော်က ရောဂါပိုးတွေ့ရှိတဲ့ လူနာကတော့ ဆွစ်ဇာလန်နိုင်ငံသူ ဖြစ်ပြီး ယခုအခါ ရောဂါပိုးပြန်လည် ပျောက်ကင်းသွားပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က