မိသားစုဝင် ၇ ဦးကိုတော့ ကွာရန်တင်းစင်တာသို့ ပို့ဆောင်လိုက်ပါတယ်။

မန္တလေးမှာ ပိုးတွေ့လူနာအသစ်တစ်ယောက်ထပ်တွေ့လို့ သူနဲ့ထိတွေ့မှုရှိတဲ့မိသားစုဝင်တွေကို ဒီကနေ့စက်တင်ဘာ ၇ ရက်ညနေပိုင်းမှာပဲ မန္တလေးမြို့အနီးတစ်ဝိုက်ကQuarantine Center တွေဆီပို့ဆောင်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် စိန်ပန်းလမ်းနဲ့ လမ်း ၁၁၀ ကြား၊ ၆၃ အေလမ်းက အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူက ရန်ကုန်မြို့ကနေ စက်တင်ဘာလ ၅ ရက်နေ့က နေအိမ်ပြန်လာစဉ် သံသယရှိလို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီကိုယ်တိုင်သွားရောက်စစ်ဆေးရင်း ဒီကနေ့ရောဂါပိုးတွေ့ရတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက Duwun ကိုပြောပါတယ်။



"သူက ရန်ကုန်ကပြန်ရောက်ရောက်ချင်းကတည်းက မနက်အိပ်ရာနိုးတော့ အနံ့မရလို့ဆိုပြီး ဆေးရုံချက်ချင်းပြေးတယ်ဆိုတော့ ဘယ်မှအထိအတွေ့တော့မရှိလိုက်ဘူး။ မိသားစုဝင် ၇ ဦးရှိတာလည်း ကျွန်တော်တို့ အခု Quarantine Center တွေဆီ ခွဲပို့ထားပြီးပြီ " လို့ ၎င်းကပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ပိုးတွေ့လူနာအမျိူးသမီးကို ဆေးရုံကြီးကနေ ကန်တော်နဒီဆေးရုံဆီပြောင်းရွှေ့ထားပြီး ၎င်းရဲ့မိသားစုဝင် ၇ ဦးကိုတော့ မန္တလေးမြို့အနီးတစ်ဝိုက်က Quarantine Center တွေဆီ ခွဲပို့ထားတယ်လို့သိရပါတယ်။ အဆိုပါပိုးတွေ့လူနာနဲ့ပတ်သက်ပြီးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဒီနေ့ စက်တင်ဘာ ၇ ရက် ည ၈ နာရီမှာ ထုတ်ပြန်မယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က