ညွှန်ကြားချက်ရမှ ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။
Ei Ei Htun

COVID ထိန်းချုပ်ကာကွယ်ရေးအတွက် ညွှန်ကြားချက်တွေကို ဇူလိုင်လ (၁၅)ရက်နေ့ထိ ထပ်တိုးခဲ့တာကြောင့် ရန်ကုန်က ဘုရားတွေကို ဆက်လက်ပိတ်ထားတာဖြစ်ပြီး ညွှန်ကြားချက်တစ်စုံတစ်ရာရရှိမှု ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်မယ်လို့ ဂေါပကအဖွဲ့တွေထံမှ သိရပါတယ်။

COVID 19စတင်ဖြစ်ပွါးခဲ့တဲ့ အချိန်ကစပြီး ရန်ကုန်က ဘုရားများကို ဘုရားဖူးခွင့်ပိတ်ထားခဲ့ရာမှာ ယနေ့ထိဖြစ်ပါတယ်။ ရန်ကုန်မှာ COVID19နဲ့ ပတ်သက်ပြီး ပြည်တွင်းကူးစက်မှု မတွေ့ရှိတာ ၁လခွဲခန့်ကြာမြင့်နေပြီဖြစ်သလို ကူးစက်ခံရသူအားလုံးကလည်းရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ရောဂါကူးစက်ပြန့်ပွါးမှုကို အထိုက်အလျှောက်ထိန်းချုပ်နိုင်နေပါပြီ။ လက်ရှိအခြေအနေမှာ စားသောက်ဆိုင်တွေ ၊ စက်ရုံ အလုပ်ရုံတွေကသတ်မှတ်စည်းကမ်းချက်တွေအညီ ဖွင့်လှစ်နေပြီး ဘုရားတွေ ရုပ်ရှင်ရုံတွေကတော့ ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။

“ အခုချိန်ထိ ဘုရားပြန်ဖွင့်ကို ဘာအစီအစဉ်မှ မရှိသေးပါဘူး။ တိုင်းအစိုးရကလည်း ဘာညွှန်ကြားချက်မှ မရှိသေးသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း ညွှန်ကြားချက်ဘာမှမရှိသေးတော့ ပြန်ဖွင့်ဖို့က မသိသေးပါဘူး”လို့ ရွှေတိဂုံဘုရားဂေါပက ဥက္ကဌဒေါက်တာရဲအောင်က Duwun ကိုပြောပါတယ်။

ဆူးလေ ဘုရားပြန်လည်ဖွင့်လှစ်ရေးနဲ့ပတ်သက်လို့ Duwun ကဆက်သွယ်မေးမြန်းရာမှာလည်း “ မသိသေးပါဘူးဗျ။ ခုချိန်ထိ ဘာညွှန်ကြားချက်မရှိသေးတော့ ပြန်ဖွင့်ဖို့အချိန်ကာလကိုမပြောနိုင်ပါဘူး။ ခုထိတော့ ဖွင့်လှစ်ဖို့ ဘာမှပြင်ဆင်ထားတာမျိုးမရှိသေးဘူး”လို့ ဆူးလေဂေါပကအဖွဲ့မှာတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်ကမှာ ဘုရားတွေကို ပြန်လည်မဖွင့်လှစ်သေးပေမယ့် တခြားမြို့နယ်တွေမှာတော့ ဘုရားတွေကို အချိန်နဲ့ပြန်လည်ဖွင့်လှစ်ပေးနေပြီ ဖြစ်ပါတယ်။ COVID ထိန်းချုပ်ကာကွယ်ရေးအတွက် ညွှန်ကြားချက်တွေကို ဇူလိုင်လ (၁၅)ရက်နေ့ထိ ထပ်တိုးခဲ့တာကြောင့် ဘုရားတွေကိုလည်းဆက်လက်ပိတ်ထားတာဖြစ်တယ်လို့ ရွှေတိဂုံဘုရားဂေါပက ဥက္ကဌဒေါက်တာရဲအောင်က ပြောပါတယ်။

ထုတ်ပြန်ထားတဲ့ရက်အတိုင်း ဇူလိုင် (၁၅)ရက်မတိုက်ခင်မှာ သက်ဆိုင်ရာက ညွှန်ကြားလာရင်လည်း ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်မယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိ ရန်ကုန်က ဘုရားတွေပြန်လည်ဖွင့်လှစ်ရေးအတွက် ညွှန်ကြားချက်တစ်စုံတစ်ရာမရရှိသေးတာကြောင့် ဘုရားတွေကို ရက်အကန့်အသတ်မရှိ ဆက်လက်ပိတ်ထားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က