ဒီကနေ့ကပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၁၁)ရက်နေ့ကစပြီး ရန်ကုန်တိုင်းအတွင်း ကုန်စည်စီးဆင်းမှု မော်တော်ယာဉ်တွေကလွဲလို့ အဝင်၊အထွက်တွေကို စတင်ပိတ်ကာ စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။



“ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်အောင် စနစ်တကျထိန်းချုပ်တဲ့ ပုံစံအရ မဖြစ်မနေ ရန်ကုန်ကိုဝင်မှဖြစ်မယ်၊ သွားမှဖြစ်မယ်ဆိုရင် ဝင်ပါ၊သွားပါ။ ဒါပေမယ့် ကွာရန်တင်းစင်တာကို အရင်ပို့ပါမယ်။ စည်းကမ်းအရ မဖြစ်မနေလာရင် ကွာရန်တင်းတော့ဝင်ရမှာပါ”လို့ လှည်းကူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က Duwun ကို ပြောပါတယ်။



အိမ်စီးယာဉ်၊ ခရီးသည်ယာဉ်တွေကို အဝင်အထွက်ပိတ်ခဲ့တာဖြစ်ပြီး ရန်ကုန်ကို မဖြစ်မနေဝင်ရောက်လိုပါက ကွာရန်တင်းဝင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်နေပြည်သူလူထုအနေနဲ့ စက်တင်ဘာလ (၁၁)ရက်နေ့ကစပြီး အောက်တိုဘာလ (၁)ရက်နေ့ထိ ရန်ကုန်ပြင်ပကို ခရီးမထွက်ကြဖို့ တိုင်းအစိုးရက ညွှန်ကြားခဲ့ပြီးနောက် အခုလိုဆောင်ရွက်ခဲ့တာပါ။ ရန်ကုန်ကနေ အထွက်မော်တော်ယာဉ်တွေ၊ဝင်ရောက်မယ့်မော်တော်ယာဉ်တွေအနေနဲ့ ကျန်းမာရေးကိစ္စနဲ့ အရေးကြီးဆောင်ရွက်ရမယ့်ကိစ္စတွေကလွဲပြီး မည်သည့်ယာဉ်ကိုမှ ထွက်ခွါခွင့်မပြုခဲ့သလို အဝင်ယာဉ်တွေကိုလည်း ပိတ်ထာားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်အဝင်ကို တားမြစ်ရာမှာ လှည်းကူးဘက်ဝင်လာသူတွေနဲ့ သာယာဝတီ ဘက်ကဝင်လာတဲ့ယာဉ်တွေကို စတင်ပိတ်ခဲ့တာဖြစ်ပြီး ရန်ကုန် မန္တလေးအမြန်လမ်းက ဝင်လာတဲ့မော်တော်ယာဉ်တွေကို ယနေ့ နေ့လယ်ပိုင်းထိ ခွင့်ပြုထားပါသေးတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်ပကို ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးလူနာ အရေအတွက်များလာတာကြောင့် အခုလို ရန်ကုန်တိုင်းကို ကန့်သတ်လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က