ဒီနေ့ မေလ ၁၃ရက်နေ့မှာ ရန်ကုန်ကမြို့နယ်အချို့တွင် Mask Campaign အသီးသီး လုပ်ဆောင်ခဲ့ကြပါတယ်။
Kyaw Ko Ko Sint

မေလ ၁၃ရက်နေ့မှာ ရန်ကုန်မြို့ရဲ့ မြို့နယ်အချို့ကို အစိုးရအဖွဲ့ကဦးဆောင်ပြီး နှာခေါင်းစည်းတွေကို အပြင်သွား ရင်မဖြစ်မနေတပ်ဆင်လို့ လိုက်လံသတိပေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

လှိုင်သာယာမြို့နယ်ပင်လုံစျေးမှာ Mask Campaign လုပ်ဆောင်နေစဉ်

ရန်ကုန်မြို့မှာ Mask မတပ်ဘဲ အပြင်သွားလာသူတွေအနေနဲ့ ဒဏ်ငွေ ၅၀၀၀ ပေးဆောင်ရတော့မယ်လို့သိရပါ တယ်။ ဒီကနေ့ မေလ ၁၃ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာ၊အင်းစိန်နဲ့သင်္ဃန်းကျွန်းမြို့နယ်တွေ မှာ Mask Campaign တွေကို အစိုးရအဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။

လှိုင်သာယာမြို့နယ်နဲ့အင်းစိန်မြို့နယ်တွေမှာတော့ လူထူထပ်ရာနေရာတွေဖြစ်တဲ့ စျေးတွေကိုအဓိကထားပြီး လုပ် ဆောင်တာဖြစ်ကာ သင်္ဃန်းကျွန်းမြို့နယ်မှာတော့ င/က ရပ်ကွက်အတွင်းမှာ Maskတပ်ဖို့ လိုက်လံနှိုးဆော်ခဲ့ကြတာပါ။ လာမယ့်ရက်တွေကစတင်ပြီး ရန်ကုန်မြို့မှာ Mask မတပ်ဘဲ အပြင်သွားလာတာကို သက်ဆိုင်ရာအရာရှိက တွေ့လို့ တရားစွဲဆိုခံရရင် တရားရုံးမှာ ဒဏ်ငွေ ၅၀၀၀ကို လိုက်ပါ ကျခံရမယ်လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးမြတ်မင်းသူက Duwunကိုပြောပါတယ်။  

အင်းစိန်မြို့နယ်တွင် Mask Campaign လုပ်ဆောင်နေစဉ်

“ကိုဗစ်ကာကွယ်ရေးကော်မတီဝင်တစ်ဦးက တရားစွဲဆိုရင် ဒဏ်ငွေ ၅၀၀၀ပေးဆောင်ရမှာပါ။ နောက်နေ့တွေမှာ Maskမတပ်ရင် ဒဏ်ငွေတွေဆောင်ရတော့မယ်ဆိုတာကိုလည်း အခုလိုက်လံပြောဆိုနေတာပါ။ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ Mask Campaign လုပ်နေတာ ၃ကြိမ်မြောက်မှာ လူတိုင်းနီးပါး Mask တွေတပ်လာကြတာ တွေ့ ရပါတယ်။”လို့ ဦးမြတ်မင်းသူက ပြောပါတယ်။

အလားတူပဲ ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ အင်းစိန်မြို့နယ်မှာလည်း Maskတပ်ဆင်ဖို့ လိုက်လံနှိုးဆော်မှုတွေကို စျေး ၁၅ခုမှာ လုပ်ဆောင်ခဲ့ပြီး Mask တစ်သောင်းသုံးထောင်ကျော်ကို အခမဲ့လိုက်လံဝေငှခဲ့ပါသေးတယ်။ သင်္ဃန်းကျွန်းမြို့နယ်က င/ကရပ်ကွက်အတွင်းမှာလည်း နှာခေါင်းစည်းတပ်ဆင်ဖို့ ပညာပေးစည်းရုံးမှုတွေ ဒီနေ့ မေ ၁၃ရက်နေ့မှာ တပြိုင်နက်တည်းလုပ်ဆောင်ခဲ့ကြပြီး ပြန်လည်အသုံးပြုလို့ရတဲ့ နှာခေါင်းစည်းတွေကို ဝေငှ ပေးခဲ့ပါသေးတယ်။

သင်္ဃန်းကျွန်းမြို့နယ်င/ကရပ်ကွက်အတွင်း Mask Campaign လုပ်ဆောင်နေစဥ်

“အခုကတော့ ကျွန်တော်တို့ဘက် အသိပညာပေးလည်းပါသလို mask တွေလည်းဝေငှပေးတာပါ။ တိုင်းအစိုးရကလည်း ထုတ်ပြန်ချက်ထုတ်ထားပြီ mask မတပ်ရင် ဒဏ်ငွေ ၅၀၀၀ဆိုပြီး။အဲဒါကလည်း ဒီနေ့ကစပြီးအကျုံးဝင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ရက်ပိုင်းတော့ အသိပညာပေးလုပ်ဖို့ရှိတယ်။ ၁၅ ရက်နောက်ပိုင်းမှာ မလိုက်နာရင်တော့ ထုတ်ပြန်ထားတဲ့အတိုင်း အရေးယူမှုတွေစမှာပါ”လို့ သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကိုပြောပါတယ်။

မေလ ၁၃ရက်ကစပြီး မြို့နယ်အဆင့် ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ချက်အရ နေအိမ်ကနေ အပြင် သွားတိုင်းနှာခေါင်းစည်းကိုမဖြစ်မနေတပ်ဆင်ရတော့မှာဖြစ်ပြီး မတပ်တဲ့သူတွေကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ဒဏ်ငွေ ၅၀၀၀ ကျသင့်စေမှာလို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က