မကြာခင်မှာ ညွှန်ကြားချက်ထုတ်ပြန်တော့မှာပါ။
Ei Ei Htun

ရန်ကုန်မှာ mask မတပ်ဘဲ အပြင်ထွက်သွားလာနေသူတွေကို ဥပဒေအရ အရေးယူမှုတွေလုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြစ်ပြီး မကြာခင်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်ကြေညာချက်တစ်ခုထုတ်ပြန်မယ်လို့ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မို့မို့စုကြည်က Duwun ကိုပြောပါတယ်။

" အမတို့က အရင်ကတည်းကပြည်သူတွေကို mask တပ်ပါ၊လက်ဆေးပါဆိုပြီး အသိပညာပေးတာတွေတရဆက်လုပ်နေပါတယ်။ အခုနောက်ပိုင်းမှာ ပြည်သူတွေကလည်း သွားလာလှုပ်ရှားမှုတွေရှိလာပြီ။တချို့ဆို mask မတပ်တာတွေရှိတယ်။ ပြီးတော့ အခုကရောဂါကူးစက်မှုကလည်း နေ့စဉ်နဲ့အမျှဆိုသလို တစ်ယောက်စ၊နှစ်ယောက်စက တိုးလာနေတာဆိုတော့ မဖြစ်မနေလိုက်နာရမယ့်အခြေအနေပါ။ အခုတော့ တိုင်းအစိုးအစည်းဝေးမှာ mask မတပ်သူတွေကို ဥပဒေနဲ့အညီအရေးယူသွားမယ်။ မကြာခင်မှာတိုင်းအစိုးရ ကြေညာချက်တစ်ခု ထုတ်ပြန်ပါလိမ့်မယ်"လို့ ဒါ်မို့မို့စုကြည်ကပြောပါတယ်။ 

လတ်တလောကာလမှာ COVID 19 ရောဂါကူးစက်မှုတွေက နေ့စဉ်ရက်ဆက်ဆိုသလို လူနာတွေတိုးလာလျှက်ရှိတာကြောင့် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အခုလိုလုပ်ဆောင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ အရေးယူမှုအပိုင်းကိုတော့ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာမသိရသေးဘဲ တိုင်းအစိုးရက ကြေညာချက် ထုတ်ပြန်မှသာ ထုတ်ပြန်ချက်မှာ ပါရှိတဲ့အတိုင်း ဥပဒေနဲ့အညီ လုပ်ဆောင်နိုင်အောင်စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာလည်း Mask မတပ်ဘဲ အပြင်ထွက်သွားလာနေသူတွေကို အရေးယူတဲ့အစီအစဉ်တွေ လုပ်ဆောင်လျှက်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က