ရောဂါကူးစက်မှုနှုန်းက မြင့်တက်နေဆဲပါ။
Ei Ei Htun

COVID 19 ရောဂါကူးစက်မှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ Stay at Home ကာလကို ကို ပိုပြီး တင်းတင်းကြပ်ကြပ်လုပ်ဆောင်သင့်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက Duwun ကိုပြောပါတယ်။ 

လက်ရှိရန်ကုန်မှာ ပိုးတွေ့လူနာတွေကို တွေ့ရှိနေရဆဲဖြစ်ပေမယ့်လည်း လူတွေကတော့ ပုံမှန်အတိုင်းသွားလာလှုပ်ရှားမှုတွေရှိနေပါပြီ။

ဒီလိုအချိန်မှာ ပိုးတွေ့လူနာတွေ့ရှိတဲ့ နေရာတွေကိုသာ lock down လုပ်တာမျိုးမဟုတ်ဘဲ အားလုံးကို Stay at Home ကာလအဖြစ် လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ 

“ သင်္ကြန်ကာလမှာတုန်းက လုပ်တဲ့အစီအစဉ်က အရမ်းကောင်းပါတယ်။ အခုလည်းအဲလိုပဲလုပ်သင့်တာ။ ဘာလို့လဲဆိုတော့ ရောဂါကပျောက်သွားတာမဟုတ်သေးဘူး။ ခုထိကူးစက်မှုတွေရှိနေဆဲဖြစ်တယ်။ ရန်ကုန်လိုနေရာမျိုးက ပိုပြီးလုပ်ဆောင်သင့်ပါတယ်။ အခုဆိုပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ အင်းစိန်မြို့နယ်မှာ လူငါးသောင်းကျော်ကို ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်။ အမှန်တော့ မြို့နယ်ကို Lock Down အရင်လုပ်ပြီးမှ အခုလိုစစ်ဆေးမှုတွေလုပ်သင့်တာ။ ကျန်းမာရေးစစ်ပြီး အဲဒီလူ ငါးသောင်းက သွားလာလှုပ်ရှားနေတော့ကော ဘာမှထူးလာမှာမဟုတ်ဘူး” လို့ ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောပါတယ်။ 

အင်းစိန်နဲ့ လှှိုင်သာယာမြို့နယ်တွေဟာ လူဦးရေအထူထပ်ဆုံးမြို့နယ်တွေဖြစ်လို့ ပြည်သူတွေအနေနဲ့ကလည်း ကျန်မားရေးနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို အထူးလိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။  ရန်ကုန်မှာလည်း mask မတပ်ဘဲ သွားလာလှုပ်ရှားနေတဲ့သူတွေအများကြီးရှိတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ကလည်း လိုက်နာမှုမရှိတဲ့ ပြည်သူတွေကို တင်းတင်းကြပ်ကြပ် ပြစ်ဒဏ်ချမှတ်တာတွေလုပ်ဆောင်မှ ကူးစက်မှုလူဦးရေကို ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က