ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ရဲ့ အမှိုက်ပြဿနာနဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာတွေ မြင့်တက်လာနေတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

ဇွန်လ ၆ ရက်နေ့က ကမ္ဘာ့ဘဏ်အုပ်စုက ထုတ်ပြန်တဲ့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ရန်ကုန်မြို့ဟာ လူဦးရေ ထူထပ်နေပြီး ရွေ့ပြောင်းလုပ်ကိုင်သူတွေများပြားလာတာကြောင့် ဒီလိုဖြစ်နေရတာဖြစ်ပြီး ကျူးကျော်တွေရဲ့ ပြဿနာကို အချိန်မှီဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။



လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူ ဦးရေဟာ ၇.၄ သန်းဝန်းကျင်ရှိနေပြီး မြန်မာနိုင်ငံရဲ့ GDP ၂၀ ရာခိုင်နှုန်းလောက်ဟာ ရန်ကုန်တိုင်းက ဖြည့်ဆည်းပေးနေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ကို ပြောင်းရွေ့အခြေချသူဦးရေဟာ တစစ များပြားလာနေတယ်လို့ဆိုပါတယ်။

ါ့အပြင် မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်တွေရဲ့ ၄၇ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရှိနေတာကြောင့် လူတွေရွေ့ပြောင်းလာခြင်းက မြို့ပြတည်ဆောက်ရေး လုပ်ငန်းတွေအတွက် စနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေလိုအပ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို အလုပ်အကိုင်တွေရှိနေပေမယ့် ရန်ကုန်မှာ ကျွမ်းကျင်လုပ်သားရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရပြီး လုပ်သားအင်အားစုရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ အလယ်တန်းအဆင့်အောက်ပဲ ပညာသင်ကြားခဲ့ကြတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က