လက်ရှိ(၃၄) ခုမြောက်တပ်ဆင်ထားပြီးဖြစ်ပါတယ်။
Ei Ei Htun

အပြာရောင်ကမ္ဗည်းပြားကိုတော့ လက်ရှိမှာ (၃၄)ခုမြောက်အထိ တပ်ဆင်ထားပြီး (၃၅)ခုမြောက်ကိုတော့ ကျောင်းတချို့နဲ့ အစိုးရအဆောက်အဦတွေကို တပ်ဆင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ စီမံချက်အရာရှိ ကိုသူရိန်အောင်ကပြောပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အထင်ကရအဆောက်အဦတွေအဖြစ် ရာနဲ့ချီပြီရှိတာကြောင့် အဆိုပါအဆောက်အအုံတွေမှာ မြို့ပြအမွေအနှစ် အထိမ်းအမှတ်အဆောက်အုံအဖြစ် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခြင်းတွေကို ရသလောက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေကို ထိန်းသိမ်းတဲ့အနေနဲ့ အခုလိုအစီအစဉ်တွေကို ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

“ ဒီနေ့ဆိုရင် (၃၄)ခုမြောက်အပြာရောင်ကမ္ဗည်းပြားကို မြန်မာအမျိူးသားကြောင်းရဲ့ရုံးချုပ်မှာ တပ်ဆင်တာပေါ့နော်။ နောက်ထပ် (၃၅)မြောက်ကိုတော့ ညှိနှိုင်းနေဆဲဖြစ်တယ်။ ကျောက်တံတားမြို့နယ်အနီးတစ်ဝိုက်မှာရှိတဲ့ ကျောင်းတချို့လည်းဖြစ်နိုင်တယ်။ တခြားအစိုးရအဆောက်အဦတွေကိုလည်း ကျွန်တော်တို့ညှိနှိုင်းဖို့လုပ်နေတယ်။ အခုထိ(၃၅)ခုမြောက်အတွက်တော့ အချိန်ဇယားမထွက်လာသေးဘူး။ ကပ်ဖို့စီစဉ်နေတာတွေတော့အများကြီးရှိတယ်” လို့ ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ စီမံချက်အရာရှိ ကိုသူရိန်အောင်က မီဒီယာတွေကိုပြောပါတယ်။

ရန်ကုန်မြို့ဟာ ရှေးဟောင်းအဆောက်အုံတွေများပြားတဲ့ အတွက် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခြင်းတွေကို တက်နိုင်သလောက် (၁၀၀)၊ (၂၀၀)လောက်တပ်ဆင်သွားမယ်လို့ ကိုသူရိန်အောင်က ပြောပါတယ်။ လက်ရှိမှာတော့ ရှေးဟောင်း မြို့ပြအမွေအနှစ်အထိမ်းအမှတ်အဖြစ် အပြာရောင် ကမ္ဗည်းပြား (၃၄)ခုမြောက်ကို တပ်ဆင်ပြီးဖြစ်ပါတယ်။ အမွေအနှစ်ဆိုတာနှစ်ကြာလာတာနဲ့အမျှ အဆောက်အဦတွေကလည်း နှစ်ကြာလာပြီး နောက်ပိုင်းမှာတော့ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အပြာရောင် ကမ္ဗည်းပြားတွေကို တပ်ဆင်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။


က္က