ညောင်တပင်မှာ မွေးမြူရေးဇုန် သတ်မှတ်ပေးသွားမှာပါ။

ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေ ကျန်းမာရေးညီညွတ်စေဖို့အတွက် လူနေတဲ့နေရာမှာ မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို မရောထွေးရအောင် ညောင်တပင်မှာ မွေးမြူရေးကန့်သတ်ဇုန် သတ်မှတ်နိုင်ရေးကို ဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။

ရန်ကုန်မြို့ကို နိုင်င်ငံတကာအဆင့်အတန်းမီ မြို့တော်ကြီးဖြစ်ရေးအတွက် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာစီမံကိန်းရေးဆွဲပြီး ဆောက်ရွက်လျှက်ရှိရာမှာ လူနေမှုအဆင့်အတန်းမြင့်မားအောင်၊ အဆောက်အအုံတွေကိုလည်း ဇုန်သတ်မှတ်ချက်တွေနဲ့ဆောင်ရွက်ထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက် မွေးမြူရေးလုပ်ငန်းတွေမှာလည်း ကန့်သတ်ချက်တွေရှိတယ်လို့ပြောပါတယ်။



“ ယခင်တုန်းက တစ်နိုင်တစ်ပိုင်မွေးမြူတဲ့ တောင်ဥက္ကာပ၊ သင်္ကန်းကျွန်းမြို့နယ်တွေဟာ လက်ရှိမွေးမြူရေးမလုပ်ရကန့်သတ်ဧရိယာထဲမှာ ပါလာတဲ့အတွက် တဖြည်းဖြည်း မွေးမြူရေးဇုန်တွေကိုကန့်သတ်သွားမှာပါ။တချို့နေရာတွေမှာတော့ မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြုထားပေမယ့်လည်း မြို့တွင်းမြို့နယ်တွေဖြစ်တဲ့ တောင်ဥက္ကာပ၊ မြောက်ဥက္ကာပ၊ သင်္ကန်းကျွန်း၊ ဒေါပုံ၊ သာကေတမြို့နယ်တွေကတော့ မွေးမြူရေးကန့်သတ်ဇုန်တွေဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းအနေနဲ့ စိုက်ပျိုးမွေးမြူရေးဇုန်ကို ညောင်တပင်မှာ သတ်သတ်မှတ်မှတ်နဲ့ ဆောင်ရွက်နေပါတယ်။ မွေးမြူရေးကန့်သတ်ဧရိယာတွေမှာ လက်ရှိမွေးမြူနေခြင်းကို မတ်လ(၃၁)ရက်နေ့ထိခွင့်ပြုထားပြီး သတ်မှတ်ထားတဲ့အတွင်းမပြောင်းရွှေ့ဘူးဆိုရင်တော့ ဥပဒေနဲ့အညီ အရေးယူခြင်းကို ဆောင်ရွက်မယ် “ လို့ ဦးသန်းက ဇူလိုင်လ(၁၅)ရက်နေ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောခဲ့တာပါ။

ကန့်သတ်ဧရိယာတွေမှာ မွေးမြူရေးလုပ်ကိုင်နေသူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်သော်လည်းပဲ လက်ရှိမှာတော့ ပညာပေးကာလအနေနဲ့ မတ်လ(၃၁)ရက်နေ့ထိခွင့်ပြုထားတာပါ။ ဒီနောက်ပိုင်းမှာတော့ ခွင့်ပြုတဲ့သင့်တော်တဲ့ တစ်နေရာမှာ မွေးမြူနိုင်သလို၊ ညောင်တပင်မွေးမြူရေးဇုန်မှာ မွေးမြူမယ်ဆိုရင်လည်း နေရာချထားပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ထားတယ်လို့ ဦးသန်းကပြောပါတယ်။ညောင်တပင်မှာ မွေးမြူရေးကန့်သတ်ဇုန် သတ်မှတ်နိုင်ရေးကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က