မိုးမကျမီ နွေရာသီကာလ ကတည်းကဆောင်ရွက်ခဲ့တာပါ။

ရန်ကုန်မြို့တော်စည်ပင်အနေနဲ့ နေ့စဉ် ရပ်ကွက်အလိုက် ရေမြောင်းတူးဖော်တဲ့လုပ်ငန်းကို ယနေ့အထိ ဆောင်ရွက်နေပြီး မြို့သန်းရှင်းရေးလုပ်ငန်းတွေကိုလည်း နေ့၊ ည တာဝန်ချထားကာ ဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။ 

ယခုနှစ် မိုးတွင်းကာလမှာ ရန်ကုန်မြို့မှာ ရေစီးရေလာကောင်းမွန်ဖို့အတွက်ကို နွေရာသီကတည်းက ဦးစားပေးလုပ်ငန်းအနေနဲ့ ဆောင်ရွက်ခဲ့တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။ ဇူလိုင်လ(၁၅)ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။



“ရန်ကုန်မြို့ဟာ ယခင်တုန်းက မိုးရွာတာနဲ့ အမြဲတမ်းရေကြီးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက အခုလို ရေကြီးနစ်မြုပ်မှုဘေးဒဏ်ကနေ ကင်းဝေးအောင်လို့ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တယ်။ ဒီနှစ်မှာဆို မိုးမကျမီ နွေရာသီကာလကတည်းက ဦးစားပေးအလိုက် ရေမြောင်းတွေ၊ ချောင်းတွေ၊ မြောင်းတွေ တူးဖော်တဲ့လုပ်ငန်းတွေကို ဒီနေ့အချိန်အထိ ဆောင်ရွက်နေတယ်” လို့ တွဲဖက်အတွင်းရေးမှူး ဦးသန်းက မီဒီယာတွေကိုပြောပါတယ်။

ရပ်ကွက်အလိုက် နေ့စဉ် ရေမြောင်းတူးဖော်တဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေပြီး ပြည်သူတွေရဲ့လိုအပ်ချက်ဖြစ်တဲ့ နေ့စဉ် သန့်ရှင်းရေးလုပ်ငန်းတွေကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်း တာဝန်ခံအဖွဲ့အနေနဲ့က နေ့၊ ည တာဝန်ထားပြီး အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ ဦးသန်းက ဆိုပါတယ်။

ရန်ကုန်မြို့တော်စည်ပင်အနေနဲ့ကတော့ ပြည်သူတွေရဲ့လိုအပ်ချက်ဖြစ်တဲ့ လုပ်ငန်းတွေကို နှစ်အလိုက်ပြည်သူ့လွှတ်တော်က လျာထားပေးတဲ့ ဘတ်ဂျက်အလိုက် ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းတစ်တိုင်းလုံးအတွက် ရေပေးဝေရေးစနစ်မှာလည်း အခုဆိုရင် ရန်ကုန်မြို့ရေပေးဝေမှှုလွမ်းခြုံမှုဟာ ၄၅% သာရှိပြီး လာမယ့် ၂၀၂၅ ခုနှစ် မှာတော့ ၉၀%ထိ ရေပေးဝေမှုလွမ်းခြုံနိုင်အောင် လုပ်ငန်းသစ်တွေဆောင်ရွက်လျှက်ရှိတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က