လက်ရှိမှာ တစ်ရက်ကို လူဦးရေ ၇ သောင်းလောက် စီးနင်းနေတာပါ။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပြီးရင် တစ်နေ့ကို အနည်းဆုံး  လူဦးရေ ၂ သိန်းခွဲ ခန့် သယ်ဆောင်နိုင်မယ်လို့  ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်ဘူတာကြီးရှိ ရထားလမ်းကို မြင်တွေ့ရစဉ်။



ဇွန်လ ၅ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး တတိယ (၁) နှစ်တာ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင်တင်ခြင်းလုပ်ငန်းဆောင်ရွက်လျှက်ရှိရာ လက်ရှိအချိန်မှာ ရထားလမ်းရဲ့ အနောက်ဘက်ခြမ်း အဆင့်မြှင့်တင်မှု ပြီးစီးနေပြီး အရှေ့ဘက်ခြမ်းကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ အခုမြို့ပတ်ရထားက တစ်နေ့ကို လူ ၇ သောင်းလောက်ပဲ သယ်ဆောင်နိုင်ပါတယ်။ အဆင့်မြှင့်တင်ပြီးရင်တော့ တစ်နေ့ကို အနည်းဆုံး လူ ၂ သိန်း ၅ သောင်းလောက် သယ်ဆောင်နိုင်ဖို့ သတ်မှတ်ထားပါတယ်” လို့ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မီးရထား၊ YBS ကားတွေနဲ့ ရေလမ်းအစရှိတဲ့ သယ်ယူပို့ဆောင်ရေး (၃) မျိုးအလွယ်တကူချိတ်ဆက်နိုင်အောင်  ပုဇွန်တောင်၊ ကြည့်မြင့်တိုင်လို နေရာမျိုးက ဘူတာကြီးတွေကို  အဆင့်မြှင့်ဖို့  ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးမှာ အချက်ပြစနစ်၊ ဆက်သွယ်ရေးနဲ့ ရထားပြေးဆွဲမှုစနစ်တွေကို အဆင့်မြင့်နည်းပညာနဲ့  လုပ်ဆောင်နေရာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့က ပူးပေါင်းကူညီပေးနေတာလည်းဖြစ်ပါတယ်။

မြို့ပတ်ရထားလမ်းတစ်ခုလုံး အဆင့်မြှင့်တင်ခြင်းမှာ ၂၀၂၃ ခုနှစ်မှာ ပြီးစီးနိုင်ဖို့ ရည်ရွယ်ထားပြီး ပြေးဆွဲချိန်က ယခင် ၂ နာရီ မိနစ် ၅၀ ကြာမြင့်မယ့်အစား ၁ နာရီ မိနစ် ၅၀ သာကြာမြင့်တော့မှာလည်းဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က