ဈေးကိုယာယီပိတ်သိမ်းဖို့တော့ ညွှန်ကြားချက်မရှိသေးပါဘူး။

ရန်ကုန်မြို့ရဲ့ အကြီးဆုံး လက်ကားကုန်စိမ်းဈေးကြီးတစ်ခုဖြစ်တဲ့  သီရိမင်္ဂလာဈေးသစ်ကြီးမှာ  ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မနက်အထိ ကိုဗစ်ကူးစက်ခံထားရသူ ၈ ဦးအထိ ရှိနေပြီဖြစ်တယ်လို့ သီရိမင်္ဂလာဈေးတာဝန်ခံ ဦးအောင်လင်းဦးကကပြောပါတယ်။

ပိုးတွေ့ခဲ့တဲ့ လူနာ ၈ ယောက်ဟာ ဈေးကြီးအတွင်း ကုန်စိမ်းတန်းမှ ၅ ဦး၊ ကွမ်းတန်းမှ ၁ ဦး၊ သစ်သီးတန်းမှ ၂ ဦး ဖြစ်ကာ လက်ရှိမှာတော့ အဲ့ဒီ လူနာတွေလုပ်ကိုင်ခဲ့တဲ့ ဈေးဆိုင်ခန်းနေရာ ၄ နေရာကို ဆေးဖြန်းပြီး Lock Down ပြုလုပ်ထားတယ်လို့ သိရပါတယ်။ 



"positive ဖြစ်ကြတဲ့ ဈေးသည်တွေက များသောအားဖြင့် ဘယ်လိုဖြစ်လဲဆိုတော့ ကျန်းမာရေး အတွက်အသက်ရှုလို့မဝဘူး ဖျားတယ် အနံ့မရတော့တဲ့လက္ခဏာတွေ ဖြစ်တယ်။ အဲ့ဒါ ကြောင့်သူတို့ဘာသာ ဆေးရုံသွားပြတယ်။ ပြတဲ့အခါ positive ဖြစ်တယ်ဆိုပြီး ကျန်းမာရေးကဆက်သွယ်တာရှိလာသလို ဈေးသူဈေးသားက ဆက်သွယ် တာလည်းရှိတယ်။ မေးတယ် ဟုတ်ပါတယ် ကျနော်ကျမက ဘယ်ဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်ဆိုရင် ဆိုင်ခန်းကိုပိတ်တယ် လော့ဒေါင်းလုပ်တယ်ဆေးဖြန်းတယ်"လို့ ဈေးတာဝန်ခံ ဦးအောင်လင်းဦးကပြောပါတယ်။

 ယခုလို ပိုးတွေ့လူနာ များလာတဲ့ သီရိမင်္ဂလာဈေးနဲ့ပတ်သက်ပြီး ဈေးကိုယာယီ ပိတ်ဖို့တော့ ညွှန်ကြားစာမရရှိသေးဘူးလို့ ဆိုပါတယ်။ သီရိမင်္ဂလာဈေးကို ရန်ကုန်မြို့ ရဲ့ ဈေးတွေဟာ မှီခိုဝယ်ယူရောင်းချနေရတာဖြစ်တဲ့အတွက် သျေးကိုပိတ်လိုက်ပါက ရန်ကုန်မြို့နေ ပြည်သူတွေရဲ့စားဝတ်နေရေးအခက်အခဲ ဖြစ်နိုင်တာကြောင့်လို့ သိရပါတယ်။

 ဒါကြောင့် လက်ရှိမှာတော့ သီရိမင်္ဂလာဈေးမှာ ကိုဗစ်ရောဂါ ထပ်မံကူးစက် ပျံ့ပွားမှုမရှိစေဖို့ အတွက် ဈေးအတွင်း ဝင်ရောက်သူတိုင်းကို mask ၊ မျက်နာအကာ၊ လက်အိတ် ပါမှသာ ဝင်ရောက်ခွင့်ပြုနေပါတယ်။ ဒါ့အပြင်ဈေး တာဝန်ရှိသူတွေအနေနဲ့လည်း ဈေးအတွင်း ကိုဗစ်ကပ်ရော ဂါနှင့်ပတ်သက်ပြီး အသိပညာပေးခြင်း၊ လိုက်လံစစ်ဆေးခြင်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က