loading...

loading...

loading...

သီးပင်စားပင်တွေကို တစ်နိုင်တပိုင်စိုက်ပျိုးလို့ရအောင် သင်တန်းပေးမှာပါ။
Mi Thawdar Aung

ရန်ကုန်မြို့နေပြည်သူတွေ မိမိတို့ နေထိုင်တဲ့ အိမ်ရာ၊ တိုက်ခန်းတွေမှာ သီးနှံစိုက်ခင်းတွေ စိုက်ပျိုးလို့ ရအောင် ရည်ရွယ်ပြီး Kokoya Organics Farm က အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

Photo- Kokkoya Organics (မြောက်ဒဂုံမြို့နယ်ရှိ စိုက်ခင်းကို တွေ့ရစဉ်။)

မြို့ပြဖွံဖြိုးလာတာနဲ့ အမျှ သီးနှံစိုက်ပျိုးနိုင်တဲ့ ယာခင်းတွေဟာ မြို့တွေနဲ့ ပိုမိုဝေးကွာလာတာကြောင့် စားသောက်ကုန်တင်ပို့ရောင်းချမှုကုန်ကျစရိတ်၊ ဝယ်ယူမှုကုန်ဈေးနှုန်းစရိတ်တွေ မြင့်တက်လာနေတာတွေက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေတယ်လို့ ဒို့အိမ်အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မြို့ပြထဲက လယ်တောကွင်းများ ဆိုတဲ့အစီအစဉ်တစ်ခု လုပ်ဆောင်နေပြီး မြို့ပြအတွင်း လယ်ယာ စိုက်ပျိုးမယ်ဆိုရင် စားနပ်ရိက္ခာဖူလုံမှုရလာမှာ ဖြစ်သလို သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ ပြည်တွင်းဖြစ် အစားအသောက်တွေ ရရှိလာမယ်လို့ ဆိုပါတယ်။

“ မြို့နေပြည်သူတွေက စိုက်ပျိုးရေးနဲ့ အရမ်းဝေးသွားပြီ။ ကလေးတွေဆိုရင် ဘယ်လို အသီးသီးလာလဲဆိုတာတွေက အစမသိတော့ဘူး။ ဒါကြောင့် ကျွန်မတို့က မြို့နေလူထုကို ကိုယ်နေထိုင်တဲ့ အိမ်မှာတင် သီးနှံပင်လေးတွေ စိုက်ပျိုးလို့ရအောင် သင်တန်းတွေ ပေးမှာပါ” လို့ Kokoya Organics Farm တည်ထောင်သူ မအေးအေးအောင်က Duwun ကိုပြောပါတယ်။

မြို့ပြစိုက်ခင်းလုပ်ဖို့ဆိုတာ မြေနေရာ အများကြီးမလိုဘဲ ကိုယ့်ရဲ့ နေအိမ်တိုက်ခန်းတွေ၊ ခေါင်မိုးထပ်တွေ၊ လူမနေတဲ့ နေရာမြေလွတ်တွေနဲ့ စက်မှုဇုန်အဟောင်းတွေလည်း စိုက်ပျိုးနိုင်တယ်လို့ ဆိုပါတယ်။

Photo- Kokkoya Organics (မြောက်ဒဂုံမြို့နယ်ရှိ စိုက်ခင်းကို တွေ့ရစဉ်။

“ တိုက်ခန်းတွေမှာလည်း အပင်ကြီးမဟုတ်ရင်တောင် စားပင်သေးသေးလေးတွေကို ပန်းအိုးလေးတွေနဲ့ စိုက်လို့ရတယ်။ ခေါင်မိုးပေါ် နေရောင်ခြည် ရရှိနိုင်တဲ့ နေရာလေးတွေမှာ အပင်လေးတွေ စိုက်လို့ရပါတယ်” လို့ Doh Eain မှ Commuciations Officer မအေးမြတ်သူက Duwun ကိုပြောပါတယ်။

Kokoya Organics farm အနေနဲ့လည်း ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် မြေကွက်လပ်မှာ လယ်ယာခင်းတစ်ခု လုပ်ကိုင်နေပြီး အော်ဂဲနစ်အသီးအရွက်တွေကို ပြန်လည်ရောင်းချပေးနေပြီး စိတ်ပါဝင်စားတဲ့ ပြည်သူတွေအတွက် စိုက်ပျိုးနည်းတွေကို ပြန်လည် မျှဝေပေးတာတွေ ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။


loading...

က္က