Hmue Eain Zaw

မြိူ့နယ် ၅ ခုကို ဖြတ်သန်းမယ့် မိုးပျံရထားလမ်း စီမံကိန်းအတွက် လူနေရပ်ကွက်တွေကနေ ဖြတ်သန်းရမှာဖြစ်လို့ စီမံကိန်းနဲ့ မလွတ်တာတွေရှိပေမယ့် အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားမယ်လို့ စီမံကိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

စီမံကိန်း ဧရိယာမှာရှိနေသူတွေက ဒီစီမံကိန်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေကြပေမယ့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ ဇွန်လ ၈ ရက်နေ့က မရမ်းကုန်းမြို့နယ်အမှတ် ၆ ရပ်ကွက်မှာ ပြုလုပ်ခဲ့တဲ့ MRT စီမံကိန်းအတွင်းရှင်းလင်းတဲ့ပွဲမှာ တာဝန်ရှိသူတွေကပြောပါတယ်။

စီမံကိန်းတွေလုပ်ဆောင်ရာမှာ အချိန်ကာလ ကြာမြင့်မှာဖြစ်တဲ့အတွက် အစိုးရတဆက်နဲ့ တဆက်အကြားမူဝါဒအပြောင်းအလဲတွေအတွက်ပြည်သူတွေ နစ်နာမှု မရှိအောင်လုပ်ဆောင်ပေးမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

"ဒီစီမံကိန်းမှာ လူနေရပ်ကွက်တွေကနေ ဖြတ်သန်းပြီးလုပ်ရမှာဖြစ်ပေမယ့် လူတွေကို ထိခိုက် နစ်နာမှုအနည်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးမှာပါ။" မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က Duwun ကိုပြောပါတယ်။

အဲ့ဒီမိုးပျံရထားလမ်းစီမံကိန်းဟာ လှိုင်သာယာ၊ မရမ်းကုန်း၊ လှိုင်၊ ရန်ကင်းနဲ့ တောင်ဥက္ကလာပ မြို့နယ်တွေကို ဖြတ်သန်းတည်ဆောက်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး ၂၀၃၅ ခုနှစ်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က