ဘူတာ (၁၃) ဘူတာပါရှိပြီး မြို့နယ် ငါးခုကို ဖြတ်သန်းတည်ဆောက်မှာပါ။

ရန်ကုန်မိုးပျံရထားလမ်းကို ရန်ကုန်အနောက်ပိုင်း လှိုင်သာယာဘူတာမှ လှိုင်မြစ်ကို ဖြတ်ပြီး ရန်ကုန်အရှေ့ပိုင်း ပါရမီဘူတာထိ ဆက်သွယ်ဖောက်လုပ်သွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတစ်ဆင့် ကြေညာထားပါတယ်။


(ရန်ကုန်မြို့ပတ်ရထားမှာ လိုက်ပါစီးနင်းသူများကို တွေ့ရစဉ်)

အဆိုပါ မိုးပျံရထားလမ်းမှာ ဘူတာ (၁၃) ဘူတာ ပါရှိပြီး ၂၀၂၇ ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့လည်း သိရပါတယ်။ ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဇူလိုင် ၂၆ ရက်က ဗိုလ်တစ်ထောင်မြို့နယ် ကမ်းနားလမ်းရှိ ရေကြောင်းပို့ဆေင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှာ ပြုလုပ်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအပါအဝင်၊ ဂျပန်နိုင်ငံ JICA အဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။



အဆိုပါ မိုးပျံရထာလမ်းစီမံကိန်းကို JICA အဖွဲ့က ဦးစီးဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီမိုးပျံရထားလမ်းစီမံကိန်းဟာ လှိုင်သာယာ၊ မရမ်းကုန်း၊ လှိုင်၊ ရန်ကင်းနဲ့ တောင်ဥက္ကလာပ မြို့နယ်တွေကို ဖြတ်သန်းတည်ဆောက်မယ်လို့ ဆိုပါတယ်။

ါကြောင့် မြို့နယ် ၅ ခုကို ဖြတ်သန်းမယ့် မိုးပျံရထားလမ်း စီမံကိန်းအတွက် လူနေရပ်ကွက်တွေကနေ ဖြတ်သန်းရမှာ ဖြစ်လို့ စီမံကိန်းဧရိယာမှာ ရှိနေသူတွေက စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ထိခိုက်မှု အနည်းဆုံးဖြစ်ဆောင် ဆောင်ရွက်မယ်လို့ ဇွန်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မိုးပျံရထားစီမံကိန်း သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေ က ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က