လွှတ်တော်မှာပြောလိုက်တာပါ။

ဥပဒေနှင့်မညီဘဲ အဆောင်ငှားရမ်း နေမှုများနှင့် တရားမဝင် ခွင့်ပြုပေးသူများကို အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို သိရှိလိုပါကြောင်း မေးခွန်းကိုပြန်လည်ဖြေကြားခဲ့တာပါ။



Photo - yangon region government fb

အဆောင်တွေ၊ အခန်းတွေ ငှားရမ်းနေထိုင်မှုတွေကို လိုင်စင်ခွင့်ပြု ဆောင်ရွက်ခြင်းမရှိဘူးလို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၂၇ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် အဆောင်ငှားရမ်းမှု ဥပဒေများ ထုတ်ထားသော်လည်း ဥပဒေနှင့်မညီဘဲ အဆောင်ငှားရမ်း နေမှုများနှင့် တရားမဝင် ခွင့်ပြုပေးသူများကို အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို သိရှိလိုပါကြောင်း မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ကော်မတီနယ်နမိတ် (၃၃)မြို့နယ်အတွင်း အဆောင်ငှားရမ်းမှု လိုင်စင်ခွင့်ပြုပေးခြင်းမရှိဘဲ ဘော်ဒါဆောင်လုပ်ငန်း (၃၈၃)ခုကို လိုင်စင်ခွင့်ပြုထားပါတယ်။ ယင်းဘော်ဒါဆောင်များကို လိုင်စင်ပါ စည်းကမ်းချက်များနဲ့အညီ မြို့နယ်စည်ပင်သာယာရေး ကော်မတီများက အခါအားလျော်စွာ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ စိစစ်ချက်များအရ အဆောင်ငှားရမ်းမှုကို လိုင်စင်ထုတ်ပေးတဲ့ ဥပဒေများ ထုတ်ပြန်ထားခြင်းမရှိပါသဖြင့် အဆောင်များ၊အခန်းများ ငှားရမ်းနေထိုင်မှုများကို လိုင်စင်ခွင့်ပြုဆောင်ရွက်ခြင်း မရှိပါဘူး။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။

Photo - yangon region government fb

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ကော်မတီနယ်နမိတ်(၃၃)မြို့နယ်မှာ လုပ်ငန်းရှင်တစ်ဦးဦးက မိမိနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံ၊ ဥပစာတစ်ခုခုမှာ ဘော်ဒါဆောင်လုပ်ငန်း လုပ်ကိုင်ရင် အနီးဆုံးပတ်ဝန်းကျင်(၁၀)ဦးရဲ့ ထောက်ခံချက်၊ မြို့နယ်ထွေအုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်ကျန်းမာရေး ထောက်ခံချက်၊ အခွန်ဦးစီးဌာနရဲ့ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသ့ို လိုင်စင် လျှောက်ထားရမှာဖြစ်တယ်လို့ဆိုပါတယ်။

အဆောက်အဦ (သို့မဟုတ်) မြေ (သို့မဟုတ်) အဲ့တာရဲ့ အစိတ်အပိုင်းကို အခကြေးငွေရယူပြီး ငှားရမ်းထားရင် ပစ္စည်းခွန် စည်းကြပ်ကောက်ခံဖို့ တည်ဆဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေပြဌာန်းချက်နဲ့အညီ ငှားရမ်းရရှိငွေပေါင်းပြီး သတ်မှတ်ရာခိုင်နှုန်းကို ရာပြတ်တန်ဖိုးတွင် ထည့်သွင်းသတ်မှတ်ပြီး ပစ္စည်းခွန် စည်းကြပ်ကောက်ခံနေတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က