ထပ်ပြီးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရန်ကုန်က အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ အရက်သေစာသောက်စားတဲ့သူတွေကို ထပ်မံ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊မ ှုခင်းကာကွယ်ရေးနဲ့ မှုခင်းကျဆင်းရေးလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ပန်းခြံတွေ၊ လမ်းဆုံလမ်းခွတွေ၊ တံတားတွေ၊ လူသွားစင်္ကြန်တွေမှာ ဝိုင်းဖွဲ့ အရက်သေစာသောက်စားသူတွေကို နယ်မြေရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။





ဒါ့အပြင် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ၊ အင်းယားကန်ဘောင်၊ လူသွားစင်္ကြန်နဲ့ ဂုံးကျော်တံတားတွေမှာ အရက်သေစာသောက်စားတဲ့သူတွေကိုလည်း ဆက်လက် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က