တစ်နိုင်ငံလုံးမှာ လေလွင့်ခွေး ၂ ဒဿမ ၆၆ သန်းကျော်ရှိပါတယ်။

ရန်ကုန်မြို့က လေလွင့်ခွေး တွေ လျော့နည်းပပျောက်အောင် ဆောင်ရွက်ရာမှာ ကဏ္ဍပေါင်းစုံက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပြီး မျိုးပွားထိန်းချုပ်တာနဲ့ ကာကွယ်ဆေးထိုးရုံ လုပ်နေပါက နှစ် ၂၀ မက ကြာမြင့်နိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မှာ ကျင်လည်ကျက်စားနေတဲ့ လေလွင့်ခွေးတစ်ကောင်ကို တွေ့ရစဉ်။



လေလွင့်ခွေးပေါများတဲ့ အိန္ဒိယ၊သီရိလကာၤ အစရှိတဲ့ နိုင်ငံတွေမှာ ခွေးတွေကို မျိုးပွားထိန်းချုပ်နည်းစနစ်၊ ခွေးရူးကာကွယ်ဆေးထိုးနှံပေးတဲ့စနစ်၊ ဓာတ်ခွဲစမ်းသပ်မှု စနစ် တွေကို ဆယ်စုနှစ် နှစ်ခုကြာ ကဏ္ဍပေါင်းစုံ ကနေ ချိတ်ဆက်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

 မြန်မာနိုင်ငံမှာလည်း အဲဒီလို ဆောင်ရွက်နေဖို့ နှစ် ၂၀ ကြာ အချိန်ယူရမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်း တာဝန်ခံအဖွဲ့ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ လွင်မင်းစိုး က Duwun ကိုပြောပါတယ်။

“ လမ်းပေါ်က ခွေးကိုကျွန်တော်တို့ အရေအတွက် လျော့သွားအောင် လျှော့မှ ဖြစ်မယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ ခွေးလေခွေးလွင့်တွေကို ကဏ္ဍပေါင်းစုံက ချိတ်ဆက်ဆောင်ရွက်ခဲ့တာ။ ကျွန်တော်တု့ိက ဆယ်စုနှစ် ၂ ခု ၃ ခုလောက်အထိကို လုပ်ရအုံးမှာ။ မျိုးပွားထိန်းချုပ်တာနဲ့ ကာကွယ်ဆေးထိုးရုံဆို လုပ်ရမှာ နှစ် ၂၀ မကဘူး “ လို့ ဒေါက်တာ လွင်မင်းစိုးက ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လေလွင့်ခွေးကောင်ရေ ၂ ဒဿမ ၆၆ သန်းကျော်ရှိတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ထားတဲ့ စာရင်းအရ စာရင်းတွေအရသိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေ အချိုးနဲ့ တွက်မည်ဆိုပါက လူ ၂၂ ယောက်ခန့်မှာ မှာ လေလွင့်ခွေး ၁ ကောင်နှုန်း ဖြစ်နေတယ်လို့  ဆိုပါတယ်။

ရန်ကုန်မှာတော့ လေလွင့်ခွေး ၂ သိန်း ၆ သောင်းကနေ ၂ သိန်း ၈ သိန်းကြား ရှိနေပြီး  တစ်နေ့ကို လူ ၁၀၀ ကျော်အကိုက်ခံနေရတယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က