သေဆုံးသူ ၃၁ ဦးအထိရှိသွားပါပြီ။

H1N1 ကြောင့် သေဆုံးသူအရည်အတွက်ဟာ ဇူလိုင်လ ၈ ရက်နေ့အထိ ၃၁ ဦးရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

Photo - FFSS



ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဖြစ်ပွား၊ သေဆုံး စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ၂၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ဦးနဲ့ မွန်ပြည်နယ်မှာ ၁ ဦးသေဆုံးခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့အထိ သေဆုံးသူ ၂၉ ယောက်ရှိပြီး ထပ်မံသေဆုံးတဲ့ ၂ ယောက်ဟာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုသံသယရှိသူ ၅၀၂ ယောက်ကို စစ်ဆေးရာမှာ ဖြစ်ပွားနေတယ်လို့ အတည်ပြုပြီးသူ ၁၈၀ ယောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၁၀၈ ယောက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားနေသူအများစုဟာ ကလေးတွေနဲ့ နာတာရှည်ရောဂါဖြစ်ပွားသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။


Photo - MOHS

H1N1 ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ရိုးရိုးတုပ်ကွေးရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ဝက်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။ လူလူချင်းသာ ကူးစက်ပါတယ်။

ရာဂါလက္ခဏာတွေက အများအားဖြင့်ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ရာသီတုပ်ကွေးက ရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွ ာကူးစက်ရောက်ရှိနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က