တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကိုလည်းအသိပေးသွားမှာပါ။

ကားဝယ်စီးတဲ့သူတွေက အထိုက်အလျှောက်အဆင်ပြေတဲ့သူတွေဖြစ်ပြီး ကားတွေကိုလည်း အိမ်ရှေ့တွေမှာ၊ လမ်းမဘေးတွေမှာ ထိုးရပ်ထားကြတာက မဖြစ်သင့်ဘူး။ ကားဝယ်စီးမယ်ဆိုကတည်းက ကိုယ့်ကားကို ဘယ်မှာ ထားမလဲဆိုတာစဉ်းစားထားဖို့လိုတယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။




ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြည့်ပြီး smart ကားပါကင်တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။သြဂုတ်လ (၃)ရက်နေ့က ရန်ကုန်တိုင်းအစိုးရုံးမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာပါ။



“ ပထမကတော့ ဖြတ်ပိုင်းဖြတ်ပြီး ပါကင်ကိုပိုက်ဆံတောင်းတဲ့ စနစ်နဲ့လုပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြည့်ပြီး smart ကားပါကင်လုပ်ဖို့ ပြင်ဆင်နေတယ်။ ဒီအတွက်လည်းကုမ္ပဏီတွေတော်တော်များများကို စိတ်ဝင်စားအောင် ခေါ်ယူပြီးတော့လေ့လာစမ်းစစ်မှုတွေပြုနေပြီ။ မကြာခင်မှာ တင်ဒါစနစ်ခေါ်ယူပြီးတော့ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေကိုလည်းအသိပေးပြီးတော့ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေကပဲ ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။




ကားဝယ်စီးတဲ့သူတွေက အထိုက်အလျှောက်အဆင်ပြေတဲ့သူတွေဖြစ်ပြီး ကားတွေကိုလည်း အိမ်ရှေ့တွေမှာ၊ လမ်းမဘေးတွေမှာ ထိုးရပ်ထားကြတယ်။ အမှန်တကယ်တော့ ကားဝယ်စီးမယ်ဆိုကတည်းက ကိုယ့်ကားကို ဘယ်မှာထားမလဲဆိုတာကို စဉ်းစားထားဖို့လိုတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ ကားဝယ်စီးနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင် ကားကိုတစ်နေရာရာမှာ ထားဖို့လိုအပ်ပြီး အခုဟာက အများပြည်သူ လမ်းမကြီးပေါ်မှာထားပြီး ကားပါကင်ကိစ္စနဲ့ စကားများနေကြတာက မဖြစ်သင့်ကြောင်းနဲ့ ရန်ကုန်မြို့ဟာ စနစ်တကျထူထောင်ထားတဲ့ မြို့တော်တစ်ခုဖြစ်တာကြောင့် စည်းကမ်းလိုက်နာမှုမရှိကြဘဲ စည်းစနစ်တွေတော်တော်ပျက်ပြားနေတယ်လို့ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကားပါကင်နဲ့ ပတ်သက်ပြီး Smart ကားပါကင်ကိုတော့ Downtown မှာစတင်နိုင်ဖို့အတွက်ဆောင်ရွက်နေပြီး၊ Downtownပြီးရင်တော့ ရန်ကုန်စည်ပင်သာယာနယ်နိမိတ် (၃၃)မြို့နယ်လုံးမှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က