မဂ္ဂဝပ် ၄၀၀လောက် လျော့နည်းသွားခဲ့ပါတယ်။
Hmue Eain Zaw
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးကို အလှည့်ကျပေးနေတာအပြင် အရေးပေါ် မီးဖြတ်တောက်မှုတွေပါ ပြုလုပ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းကနေ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်ပေးနေတဲ့ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ Compressor စက်တွေအရေးပေါ်ရပ်တန်မှုကြောင့် အရေးပေါ်ဝန်အားလျော့ရမယ့် အခြေအနေရှိတယ်လို့ မေလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။



ရတနာကမ်းလွန်ဓာတ်ငွေ့နဲ့ အသုံးပြုမောင်းနှင်နေတဲ့ GT စက်တွေဟာ ကမ်းလွန်ပင်လယ်ပြင်မှာ Compressor ၂ လုံးပျက်သွားတာကြောင့် မေလ ၁၄ ရက်နေ့ မနက်ပိုင်းက ရွှေတောင်(၁၅)မဂ္ဂဝပ်၊ အလုံ (၄၂)မဂ္ဂဝပ် ၊ ရွာမ E-Gat (၆၀)မဂ္ဂဝပ် ၊သီလဝါ (၂၅)မဂ္ဂဝပ်နဲ့ ၊လှော်ကား (၃၅)မဂ္ဂဝပ် စက်တွေရပ်တန့်သွားခဲ့ပါတယ်။

အဲ့ဒီစက်တွေရပ်သွားတာကြောင့် မဂ္ဂဝပ် ၂၀၀ လောက်လျော့ကျသွားတာတာအပြင် နောက်ထပ်စက် ၃လုံးက ထုတ်လုပ်နေတဲ့ မဂ္ဂဝပ် ၂၀၀ လောက် ထပ်ပြီးလျော့သွားနိုင်တာကြောင့် စုစုပေါင်း ဓာတ်အားထုတ်လုပ်မှု မဂ္ဂဝပ် ၄၀၀လောက် လျော့နည်းသွားမယ်လို့သိရပါတယ်။ ဒါကြောင့် မေလအစပိုင်းက စတင်ပြီး လျှပ်စစ်မီးအလှည်ကျပေးနေတာအပြင် အရေးပေါ်လျှပ်စစ်ဓါတ်အားဖြတ်တောက်မှုတွေကိုလည်း လုပ်မယ်လို့ ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က