ဂျပန်နိုင်ငံက ဖူကူအိုကာ မြို့တော်ကနည်းစနစ်ကိုအသုံးပြုမှာပါ။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ အမှိုက်ပြသနာကိုဖြေရှင်းဖို့နဲ့ အမှိုက်ကန်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅.၄ သန်း( မြန်မာငွေ သန်းပေါင်း (၈၀၀၀ကျော်)ပေးအပ်သွားမယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ NHK သတင်းဌာနကဖော်ပြထားပါတယ်။

ရန်ကုန်မှာ မြင့်တက်လာနေတဲ့အမှိုက်ပြသနာကို ဖြေရှင်းဖို့အတွက်ရုန်းကန်နေရတာဖြစ်ပြီးတော့ လူနေအိမ်တွေနဲ့ ရပ်ကွက်တွေအထိပါ မြင့်တက်လာနေတာကြောင့်လို့ သတင်းမှာဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ဂျပန်အစိုးရရဲ့ ထောက်ပံ့ငွေပေးအပ်ပွဲမှာ အမှိုက်ကန်အသစ်တစ်ခုတည်ဆောက်ဖို့အတွက်လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။



အဆိုပါအမှိုက်ကန်ကိုတော့ ဂျပန်နိုင်ငံက ဖူကူအိုကာ မြို့တော်မှာအသုံးပြုနေတဲ့နည်းစနစ်အတိုင်း တည်ဆောက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဖူကူအိုကာမြို့က ရန်ကုန်မြို့နဲ့ ညီအမမြို့တော်အဖြစ် ဆက်သွယ်ထားတယ်လို့လည်းသိရပါတယ်။ ရန်ကုန်ရဲ့ အမှိုက်ပြသနာကြောင့် ကျန်းမာရေးထိခိုက်စေတဲ့ အနံ့အသက်တွေအပြင် ပါတ်ဝန်းကျင်ကို ထိခိုက်စေပြီး မီးလောင်ဖို့ လွယ်ကူတဲ့ လေထုညစ်ညမ်းမှုတွေဖြစ်နေတယ်လို့ ပြောပါတယ်။

အဆိုပါ စီမံကိန်းကိုတော့ ၂၀၂၁ ခုနှစ်မှာအပြီးသတ်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီးတော့ အမှိုက်ကန်အတွင်းမှာ မီသိန်းဂတ်စ်နဲ့ ရေကိုသီသန့်ဖြစ်ဖို့အတွက် ပိုက်တွေကနေတဆင့်လေနဲ့ ရေကို စုပ်ထုတ်သွားမယ့်စနစ်ကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ အဆိုပါဂျပန်နည်းပညာစနစ်က ရေရှည်မှာဖြစ်လာမယ့်ပြသနာတွေကိုပါ ဖြေရှင်းဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က