လေဖိအားနည်းရပ်ဝန်တစ်ခုလည်းရှိနေပါတယ်။

ရန်ကုန် ကနေ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ မိုးဆက်ပြီး ကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ မိုးများတာကြောင့် ရေကြီးမှုတွေ ထပ်ဖြစ်နိုင်သေးတာကြောင့် သတိထားကြဖို့လည်း ထုတ်ပြန်ထားပါတယ်။



38296702_2214914031981991_2667730133166587904_o.jpg

ရွှေပြည်သာမြို့နယ်တွင် မိုးများ၍ ရေကြီးခဲ့စဉ်က

 

သြဂုတ်လ ၆ ရက်နေ့ မွန်းတည့်ချိန်ကစပြီး ၂၄ နာရီအတွင်းမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာ ကွက်၍ မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့  ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွေမှာ မုတ်သုံလေ အားအလွန်ကောင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်ေမြောက်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်နေပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုဟာလည်း ကုန်းတဝက်ရေတဝက် အနေအထားဖြင့် ဖြစ်ပေါ်နေတာကြောင့် အဲ့ဒီ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် မြို့နယ်ပေါင်း ၁၈ မြို့နယ်မှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်ခဲ့ပြီး လူ သိန်းနဲ့ချီ ရေဘေးရှောင်ခဲ့ရသလို ၁၇ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်အထိ အချို့နေရာတွေမှာ ရေကျသွားလိုက် ပြန်တက်လာလိုက်ဖြစ်နေဆဲဖြစ်ပါတယ်။

ခုရက်ပိုင်း မိုးဆက်ပြီးရွာနေရင် ရေကြီးပြီးသားနေရာတွေမှာလည်း ရေပြန်တက်လာနိုင်သလို နှစ်စဉ်ပုံမှန် ရေကြီးနေကြ  ဧရာဝတီ တိုင်းဖက်မှာလည်း ရေကြီးမှုတွေ ဆက်ပြီး ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က