နေရာအခက်အခဲကြောင့် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည် နယ်မှာ  အသွားအလာကန့်သတ် စောင့်ကြည့်မယ့် Facility Quarantine ရက်ကို ၁၄ ရက်အစား ၇ ရက်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ဒီဒေသနှစ်ခုမှာ ပိုးတွေ့လူနာများပြီး ကွာရန်တင်း ထည့်ရတဲ့အရေအတွက်လည်း များတဲ့အတွက် ကွာရန်တင်းနေရာအခက်အခဲဖြစ်ပေါ်လာတာကြောင့် ယခုလို Facility Quarantine ထားတဲ့ရက်ကို လျှော့ချပြီး Home Quarantine နေထိုင်ဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။



" ရန်ကုန်တိုင်း နဲ့ ရခိုင်ပြည်နယ် မှာ ကွာရန်တင်းထဲကို စုပြုံဝင်တဲ့အခါ ကွာရန်တင်းထဲမှာ management မနိုင်ရင်လည်းမကောင်းဘူး။အဲဒီထဲမှာ positive လည်းပါတော့ ကူးသွားနိုင်တယ် နောက်တခုရက်ကြာတာနဲ့အမျှ နောက် လူလည်းဝင်လာစရာနေရာမရှိ ရှေ့လူတွေကလည်းမထွက်နိုင်တော့ Jam (အကျပ်အတည်း) ဖြစ်တာပေါ့။ ဒါတွေကို သက်သာအောင်လို့ ပေါ်လစီပိုင်းက လျှော့ပေးတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးအတွက်တော့မဟုတ်ဘူး ရခိုင်နဲ့ ရန်ကုန်အတွက်ပဲ။"လို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ် ။

ပြည်ပနိုင်ငံတွေက ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းလမ်းနဲ့ ပြန်လည်ရောက်ရှိလာသူတွေ၊ Stay at home သတ်မှတ်ထားတဲ့ နေရာတွေကနေ ရောက်လာသူတိုင်းကို ကွာရန်တင်းစင်တာမှာ (Facility Quarantine) ၇ ရက်ထားပြီး ကွာရန်တင်းစထားတဲ့နေ့ကနေ (၅) ရက်မြောက်နေ့မှာ ဓါတ်ခွဲနမူနာရယူစစ်ဆေးမှာဖြစ်ပါတယ်။ ဓာတ်ခွဲနမူနာမှာ ရောဂါပိုးမတွေ့ရှိခဲ့ရင် နေအိမ်မှာ (၇) ရက် ပြန်လည်နေထိုင်ရမှာဖြစ်ပါတယ်။

ထို့အတူ ဓါတ်ခွဲအတည်ပြု လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကိုလည်း  သတ်မှတ်ထားတဲ့ FQ နေရာမှာ ၇ ရက် အသွားအလာကန့်သတ်ထားရှိပြီး စတင်ထား ရှိတဲ့နေ့မှာပဲ ပထမအကြိမ် ဓါတ်ခွဲနမူနာယူစစ်ဆေးရမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်စစ်ဆေးမှုကို ကွာရန်တင်းဝင်နေတဲ့ (၅)ရက်ကနေ (၇ ) ရက်အတွင်း ရယူရမှာဖြစ်ပြီး ဓာတ်ခွဲနမူနာ ၂ ကြိမ် စစ်ဆေးမှုမှာ ရောဂါပိုး မတွေ့ရှိမှသာ နေအိမ်မှာ ၇ ရက်ထားမှာဖြစ်ပါတယ်။

 ချွင်းချက်အနေနဲ့  နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုး၊ ဆီးချို နာတာရှည်အဆုတ်ရောဂါ စတဲ့ ‌ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်း သူတွေနဲ့ နေအိမ်မှာ အခန်းသီးခြားဖြင့်နေထိုင်ခြင်းမရှိဘဲ စုပေါင်းနေထိုင်သူတွေအပါအဝင် နေအိမ်မှာ သွေးတိုး၊ ဆီးချို ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ နာတာရှည်အဆုတ်ရောဂါ စတဲ့ ရောဂါအခံရှိသူ၊ ကိုယ်ခံအားနည်းသူတွေနဲ့ အတူနေထိုင်သူတွေဟာ  နေအိမ်မှာ (၇ )ရက် အစား ကွာရန်တင်းစင်တာမှာသာနေရမှာဖြစ်လို့ နဂိုအတိုင်း Facility Quarantine ၁၄ ရက် နေထိုင်ရမှာ ဖြစ်ပါတယ်။

ဒါ့အ့ပြင် ရောဂါပိုးစစ်ဆေးတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကျန်းမာရေးလိုအပ်ချက်အရ ဆရာဝန်ဘက်က Facility Quarantine နေဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ပါက Facility Quarantine ဆက်နေရမှာ ဖြစ်ပါတယ်။

ထို့အတူ ကိုဗစ်အတည်ပြုလူနာဆေးရုံဆင်းခွင့်ကိုလည်း ပြောင်းလဲပြင်ဆင်လိုက်ပြီဖြစ်လို့ ရောဂါလက္ခဏာမရှိတဲ့ သူတွေဟာ ပိုးတွေ့ရှိပြီး ၁၁ ရက်မှာ ဆေးရုံကနေ ဆင်းခွင့်ရရှိပြီဖြစ်ပါတယ်။

" ရောဂါလက္ခဏာဘာမှ မပြတဲ့သူက ပထမအကြိမ် ရလဒ်ထွက်ပြီးရင် ၁၁ ရက်ပဲနေရမယ် ပြောတယ်။ရောဂါလက္ခဏာ နည်းနည်း ရှိသူတွေဆိုရင်တော့ ၁၄ ရက်ထားတယ် တချို့ ရောဂါပြင်းထန်တယ် ကိုဗစ်ကူးတာတင်မဟုတ်ဘဲ တခြားရောဂါ၊ အဖျား ၊ချောင်းဆိုးတာ တို့ရှိရင်တော့ အဲ့ဒါတွေကင်းမှ ပေးဆင်းတယ်"လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။ 

ရောဂါလက္ခာ ရှိသူတွေနဲ့ ရောဂါအခံရှိသူတွေကတော့ ရောဂါအခြေအနေအပေါ်မူတည်ပြီး ၁၄ ရက်ကနေ ၂၁ ရက်အထိ ဆေးရုံမှာ ကြာမြင့်နိုင်သလို အဲ့ဒီရက်ထက်လည်း စောနိုင်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က