မတ်လအတွင်းမှာ လူကုန်ကူးခံရမှုပေါင်း ၂၂ မှုဖြစ်ခဲ့ပြီး ကျူးလွန်သူပေါင်း ၅၀ ကို လူကုန်ကူးမှုနဲ့ အရေးယူနိုင်ခဲ့ပါတယ်။

မတ်လအတွင်းဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှုတွေမှာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မှ လူတွေ လူကုန်ကူးခံရမှု အများဆုံးဖြစ်ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

လူကုန်ကူးမှုပပျောက်ရေးအတွက် ဟောပြောနေမှု (ဓါတ်ပုံ -လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့)



မတ်လအတွင်းမှာ လူကုန်ကူးခံရမှုပေါင်း ၂၂ မှုဖြစ်ခဲ့ပြီး ကျူးလွန်သူပေါင်း ၅၀ ကို လူကုန်ကူးမှုနဲ့ အရေးယူနိုင်ခဲ့ပါတယ်။ စုစုပေါ့င်း လူကုန်ကူးခံရခဲ့တဲသူ ၂၅ ယောက်ရှိပြီး ကလေးငယ် ၃ ယောက်အပါအဝင် အမျိုးသမီး ၂၄ ယောက်နဲ့ အမျိုးသား ၁ ယောက်တို့ဖြစ်ကြပါတယ်။

လူကုန်ကူးခံရမှုမှာ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းက အများဆုံးဖြစ်နေပြီး ကချင်ပြည်နယ်က ဒုတိယအများဆုံးအနေနဲ့ ရပ်တည်နေကာ ဧရာဝတီ၊ ပဲခူး၊ ချင်း၊ မွန်၊ မန္တလေးတိုင်းတို့က အစဉ်လိုက်ရှိနေပါတယ်။ လူကုန်ကူးမှုအများဆုံးဟာ တရုတ်အမျိုးသားတွေကို အတင်းအဓမ္မလက်ထပ်စေမှုက ၁၉ မှုဖြစ်ပြီး၊ စေခိုင်းမှုက ၃ မှုနဲ့ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခိုင်းမှု ၁ မှုတို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း တရုတ်နိုင်ငံအတွင်းနေထိုင်သူတစ်ဦးက လူကုန်ကူးခံရသူတစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လာပြီး လူကုန်ကူးမှုနဲ့ ပတ်သတ်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖြန့်ဝေထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က