Duwun ရဲ့မေးမြန်းမှုကိုဖြေကြားခဲ့တာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ဆောင်နေတဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဂုဏ်ယူရတဲ့အရာ ဘာမှ မရှိသေးဘူးလို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက Duwun ကိုပြောပါတယ်။



ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Duwun မီဒီယာရဲ့ မေးမြန်းချက်ကို မြို့တော်ဝန်က ခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အမှန်အတိုင်းပြောတာပါ ဂုဏ်အယူရဆုံးဆိုတာ မှာ ဘာမှမရှိဘူး ဒါဗြောင်ပြောတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီးပါ။ ဂုဏ်ယူတယ်ဆိုတာ ပြီးမြောက်မှ ဂုဏ်ယူတာပါ။ ကျွန်တော်တို့ အခုက ဆက်ပြီးလုပ်နေတာပါ။ ဂုဏ်ယူဘာတယ်ဆိုရင်ကျွန်တော်ကြွားတာဖြစ်မယ်။ ကျွန်တော်တို့ အများကြီးဆက်ပြီး လုပ်ဖို့လိုပါသေးတယ်။"လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီမေးမြန်းချက်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်သန်းမြင့်အောင်ကတော့ အင်းစိန် GTI ကျောင်းကြီးကို စည်ပင်က လွဲယူပြီးတော့ လူစွမ်းအားအရင်းအမြစ်နဲ့ အသိပညာအတတ်ပညာတွေ သင်ကြားပေးတဲ့နေရာဖြစ်အောင်လုပ်ပေးနိုင်ခဲ့တာက ဂုဏ်အယူရဆုံးကိစ္စဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်စည်ပင်အနေနဲ့ နှစ်စဉ် ပြည်သူ့နီတိပြိုင်ပွဲတွေပြုလုပ်နေသလို လူတွေရဲ့ တစ်ဦးချင်းကျင့်ဝတ်တွေ ကောင်းမွန်လာဖို့၊ နောက်ဖေးလမ်းကြားတွေကို သန့်ရှင်းအောင်လုပ်ဆောင်တာတွေလုပ်ဆောင်ပေးနေတယ်လို့ စည်ပင်ကော်မတီဝင်တွေက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က