ပညာရေးတက္ကသိုလ်တက်ရောက်နေသူတွေကိုထောက်ပံ့မှာပါ။

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းက ကျောင်းသားကျောင်းသူတွေကို လာမယ့်ဘဏ္ဍာနှစ်မှာ ထောက်ပံ့ကြေးပေးသွားဖို့အတွက် ဆောင်ရွက်မယ်လို့ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကဆွေးနွေးခဲ့မှုတွေအရ သိရပါတယ်။



ဓါတ်ပုံ- ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

“ကျွန်တော်တို့ကျောင်းမှာက နဂိုကတည်းက ထောက်ပံ့ကြေးပေးတယ်။ အဆောင်နေခွင့်ပေးတယ်။ စည်ပင်နယ်နိမိတ်က ကျောင်းသားတွေကမပါဘူး။ ရန်ကုန်ကလူတွေက အဲ့လိုမရတော့ ရန်ကုန်က ကျောင်းသားတွေအတွက်ကိုလည်း ပေးသင့်တယ်လို့ ပြောတော့ သူက ပြန်ညှိနှိုင်းပေးတာ။ ရန်ကုန်က ကျောင်းသားတွေက ကျောင်းသားအားလုံးရဲ့ ၇ ရာခိုင်နှုန်းလောက်ရှိပါတယ်။” လို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုနောင်ထက်အောင်က Duwun ကိုပြောပါတယ်။

ဒါ့အပြင် တက္ကသိုလ် campus ဘဝ ကျောင်းသားကျောင်းသူအားလုံးရနိုင်ဖို့အတွက် ဆောင်ရွက်ပေးမှာဖြစ်တာကြောင့် စည်ပင်နယ်နိမိတ်ပါ ကျောင်းသားကျောင်းသူတွေအနေနဲ့ အဆောင်နေချင်တယ်ဆိုရင် နေခွင့်ရဖို့ နဲ့ ကျောင်းသား/သူတွေကို ထောက်ပံ့ကြေးပေးဖို့ ဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။

ဆွေးနွေးပွဲမှာ မကြာခင်ကဖြစ်ခဲ့တဲ့ TTC ငါးထပ်စာသင်ဆောင် အက်ကွဲမှုနဲ့ပတ်သက်ပြီး ပြုပြင်ထိန်းသိမ်းရေးကိစ္စ ဆွေးနွေးခဲ့ရာမှာ QC အဖွဲ့နဲ့ စစ်ဆေးပြီးဖြစ်တာကြောင့် ကွဲကြောင်းတွေကို တစ်လက်မခန့်ခွဲထုတ်ပြီး Chemical နဲ့ ပြုပြင်နေကာ structure နဲ့ပတ်သတ်ပြီးတော့ ထိခိုက်မှုမရှိဘူးလို့ အာမခံကြောင်း ပညာရေးဝန်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းဝင်းထဲက တရားမဝင် ကားမောင်းသင်တန်းတွေကိုလည်း ဥပဒေအတိုင်း အရေးယူနိုင်ဖို့ တင်ပြခဲ့ပြီး ဆောင်ရွက်ပေးမယ်လို့ ပညာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။



က္က