‌စျေးတွေကို ကုန်စည်ဝယ်ယူဖြန့်ဖြူးပေးဖို့ မြို့နယ်အလိုက် ကိုယ်စားလှယ်ထားရှိပေးသွားမှာပါ။

အခု ကိုဗစ် ၁၉ Stay Home ကာလမှာ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး နဲ့ ကုန်ရောင်းချသူတွေ ဈေးလာဝယ်တဲ့အခါ လူစုလူဝေးဖြစ်ပွားတာကို ရှောင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းက ဈေးတွေကို မြို့နယ်အလိုက် ကိုယ်စားလှယ်ထားကာ ဘုရင့်နောင်ပွဲရုံကနေ ပစ္စည်းဝယ်ယူပေးမယ်လို့ သိရပါတယ်။

" ကိုကိုကျွန်းမပါ ရန်ကုန်တိုင်း ၄၄မြို့နယ်ရှိတယ်။ အဲဒီမှာ ဈေးပေါင်း ၁၈၆ဈေးရှိတယ်။ အဲဒီဈေးကလူတွေက ဘုရင့်နောင်မှာ သွားဝယ်စရာမလိုဘူး။ အဲဒီမြို့နယ်မှာရှိတဲ့ ကိုယ်စားလှယ်တစ်ယောက်ကို စည်ပင်ကနေပြီး စီစဉ်ပေးမယ်။ အဲဒီကိုယ်စားလှယ်က လိုအပ်တဲ့ပစ္စည်းတွေကို ဘုရင့်နောင်မှာ သွားဝယ််၊ ဝယ်ပြီး ကိုယ့်မြို့နယ်ဈေးတွေမှာ ပြန်ဖြန့်၊ အဲဒါကို မနက်ဆွေးနွေးတယ် ။ ကျွန်တော်တို့ သဘောတူထားတယ် " လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌ ဦးခင်ဟန်က Duwun ကိုပြောပါတယ်။



ကိုဗစ်၁၉ Stay Home ကာလမှာ ကုန်ပစ္စည်းပြတ်လပ်မှုမဖြစ်ပေါ်ဖို့အတွက် ဘုရင့်နောင်ပွဲရုံများဖွင့်လှစ်ထားမှာ ဖြစ်ပြီး ကုန်စည်နဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေအားလုံး ဖွင့်လှစ်ထားတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌက ပြောပါတယ်။

" ဒီမှာ ပွဲရုံ ၁၂၀၀ရှိတယ် ။ ဒီနေ့ ၁၀၀၀ လောက်ဖွင့်တယ် ။ မနက်ဖြန်တော့ ပိတ်တဲ့လူပိုများမယ် ၈၀၀လောက်တော့ ဖွင့်ပါတယ် ။ အဲဒီတော့ အမြဲဖွင့်ထားတယ် ။ ပစ္စည်းပြတ်လပ်စရာလည်းမရှိဘူး ။ ပူစရာလည်းမရှိဘူး။ အိတ်စပို့တင်ဒါတွေလည်းဖွင့်တယ် ၊ ကမ်းနားတွေလည်းဖွင့်တယ် ၊ ကာစတန်ဖွင့်တယ်။ ကွန်တိန်နာလိုင်းဖွင့်တယ် ။ ပွဲရုံတွေဖွင့်ထားတယ် " လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌ ဦးခင်ဟန်က Duwun ကို ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်ဝန်ကြီးနဲ့ မြို့တော်ဝန် ၊ အဝေးပြေးအသင်း ၊ ကုန်စည်ပို့ဆောင်ရေးအသင်း ၊ ကုန်စည်ဒိုင်တွေ ၊ မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့ ပါဝင်တဲ့ အစည်းအဝေးကို ဒီနေ့ စက်တင်ဘာလ ၂၄ရက် မနက် ၁၀ နာရီမှာ ကျင်းပခဲ့ကာ ကုန်စည်မပြတ်လတ်ဖို့၊ လမ်းပန်းဆက်သွယ်ရေးချောမွေ့ဖို့ အထက်ပါအချက်အလက်များကို ဆွေး‌နွေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ အချိန်တိုအတွင်း များပြားလာပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကိုကိုးကျွန်းမြို့နယ်က လွဲလို့ ရန်ကုန်တစ်တိုင်းလုံး မိမိအိမ်မှာနေထိုင်ရေးစည်းကမ်းချက်ကို စက်တင်ဘာ (၂၀) ရက်က ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီလိုထုတ်ပြန်ရာမှာတော့ ကုမ္ပဏီ၊အဖွဲ့အစည်းတွေက မိမိအိမ်မှာနေထိုင်ပြီး အလုပ်လုပ်ရန်၊ အစိုးရဝန်ထမ်းတွေကတော့ နှစ်ပတ်တက်၊ နှစ်ပတ် အိမ်မှာအလုပ်လုပ်ရန်၊ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုတော့ စက်တင်ဘာ (၂၄) ရက်ကနေ အောက်တိုဘာ (၇) ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန် စသဖြင့် အမိန့်ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က