အချိန်ပိုင်းပြတ်တောက်မှာ ဖြစ်ပါတယ်။
Ei Ei Htun

လျှပ်စစ်မီးပြတ်တောက်မယ့် မြို့နယ်တွေကတော့ လမ်းမတော်၊အလုံ၊ လှိုင်၊ စမ်းချောင်း ၊မရမ်းကုန်း၊ ၊ မြောက်ဥက္ကလာပ၊ ဗိုလ်တစ်ထောင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာအပါအဝင် မြိုု့နယ် (၂၇) မြို့နယ်မှာရှိတဲ့ ရပ်ကွက်တွေမှာ ပြတ်တောက်မှာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှာ ဓာတ်အားပြတ်တောက်မှုလျှော့နည်းကျဆင်းစေရန်အတွက် ဓာတ်အားလိုင်းကြိုးအသစ်များလဲလှယ်ခြင်းနဲ့ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါတယ်။

စက်တင်ဘာလ(၁၇)ရက်နေ့နဲ့ (၁၉)ရက်နေ့မှာတော့ အဆိုပါလုပ်ငန်းများကို လုပ်ဆောင်မှာဖြစ်တဲ့ အတွက် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်တချို့မှာ မနက်(၉)နာရီမှ နေ့လည် (၁၂)နာရီထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒီကနေ့ စက်တင်ဘာလ(၁၆)ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

လမ်းမတော်၊အလုံ၊ လှိုင်၊ စမ်းချောင်း ၊မရမ်းကုန်း၊ ၊ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ ၊ တောင်ဒဂုံ၊ ဒေါပုံ၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်း၊ မင်္ဂလာဒုံ၊ထောက်ကြန့် ၊လှည်းကူး၊ အင်းတိုင် ၊ ဒါးပိန် ၊ ဖောင်ကြီး ၊မှော်ဘီ ၊မြောင်းတကာ၊တိုက်ကြီး၊ ဥက္ကံ၊ အဖျောက် မြို့နယ်များရှိရပ်ကွက်တချို့မှာ အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။


က္က