ရန်ကုန်တိုင်းအတွင်းက Stay Home နေရာတွေထပ်တိုးဖို့ရှိနေပါတယ်။

ရန်ကုန်တိုင်းအတွင်း Stay Home နေထိုင်ရမယ့်နေရာတွေ ထပ်တိုးသတ်မှတ်သွားဖို့ရှိတယ်လို့  ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ 

ခုတစ်ကြိမ် Stay Home ထပ်တိုးသတ်မှတ်မှုကိုတော့ မြို့နယ်တစ်ခုလုံး Stay Home မသတ်မှတ်တော့ဘဲ ပိုးကူးစက်မှုများတဲ့ ရပ်ကွက်နေရာတွေကိုသာ အဓိကထားပြီး Stay Home သတ်မှတ်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။



"Stay Home မြိုနယ်တွေ ထပ်တိုးဖို့ ရှိမလားဆိုရင် ရှိပါတယ်။ရောဂါကူးစက်မှုများပြားတဲ့ ရပ်ကွက်၊အဲ့ဒီနေရာ ဝန်းကျင်လောက်ကိုပဲ Stay Home လုပ်မယ်ဆိုပြီး ဆွေးနွေးညှိနိူင်းနေပါတယ်။တစ်မြို့နယ်လုံးကို လုပ်စရာမလိုဘဲနဲ့ ရောဂါဖြစ်ပွားမှုများတဲ့နေရာကိုပဲ Stay Home သေချာလုပ်မယ်ပုံစံပေါ့ ။"လို့ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တစ်ဖြည်းဖြည်းမြင့်တက်လာနေရာ အခုတစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ ကိုဗစ်ဒုတိယလှိုင်းမှာဆိုရင် မြို့နယ်ပေါင်း ၃၀ ကျော်အထိ ကူးစက်ပြန့်ပွားလာနေတာကြောင့် Stay Home နေရာတွေထပ်မံသတ်မှတ်ဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။

"ကျွန်မတို့ခုလုပ်နေတာ ကျန်းမာရေးရှုထောင့်တစ်ခုတည်းကို ကြည့်လုပ်နေတာမဟုတ်ပါဘူး၊ လူမှုရေးရှုထောင့်၊ ပညာရေးရှုထောင့်၊အုပ်ချုပ်ရေးရှုထောင့် ၊နယ်အသီးသီးမှာ ဆိုးကျိုးတွေ တတ်နိုင်သမျှလျော့နည်းအောင် ရောဂါကူးစက်မှုလည်းမဖြစ်အောင် အဖက်ဖက်ကစဉ်းစားပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။"လို့ ဒေါက်တာခင်ခင်ကြီး က ထပ်မံပြောပါတယ်။ 

Stay home နေထိုင်ဖို့ သတ်မှတ်တာဟာ ရောဂါကူးစက်မှုမရှိစေဖို့၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကို သေသေချာစနစ်တကျ ဆောင်ရွက်ပေးနိုင်အောင် သတ်မှတ်ခြင်းသာဖြစ်ပြီး ပြည်သူလူထုကိုချုပ်ချယ်ခြင်းမဟုတ်သလို ကန့်သတ်လိုက်ခြင်းလည်းမဟုတ်ဘူးလို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။  လက်ရှိရန်ကုန်တိုင်းအတွင်းက မြို့နယ် (၇) မြို့နယ်ကို Stay Home နေထိုင်ဖို့ သတ်မှတ်ကြေညာထားပြီး အင်းစိန်၊ မင်္ဂလာဒုံ၊ သာကေတ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပနဲ့ လှိုင်မြို့နယ်တို့ကို သတ်မှတ်ထားပါတယ်။

ရန်ကုန်တိုင်းဟာ တခြားတိုင်းနဲ့ပြည်နယ်တွေထက် လူနေမှုထူထပ်သလို၊ Public Transportation ကိုအများဆုံးအသုံးပြုနေရတဲ့အတွက် ရောဂါကိုသေသေချာချာထိန်းချုပ်နိုင်ဖို့လိုအပ်နေတယ်လို့သုံးသပ်ပြောဆိုမှုတွေလည်းရှိနေပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့ မနက် ၈ နာရီအထိ ရန်ကုန်တိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာပေါင်း ၆၉၉ ဦးရှိနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရသိရပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က