မဲပေးခွင့်စာရင်းမှာမပါခဲ့ရင် ကော်မရှင်ရုံးခွဲကိုသွားပြီး ပုံစံ(၃) တောင်းကာ အချက်အလက်အမှန်ကိုပြင်ဆင်နိုင်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွေ ကောက်ယူရာ မှတ်ပုံတင်နံပါတ်တူသူ၊ အမည်နဲ့ နေရပ်လိပ်စာ လွဲမှားနေတာတွေ ရှိနေသေးတယ်လို့ ရန်ကုန်တိုင်း၊ ရွေးကောက်ပွဲကော်မရှုင် အဖွဲ့ခွဲတွေထံကနေသိရပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ကစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်းတွေကို ပထမအကြိမ်အဖြစ် ထုတ်ပြန်ခဲ့ရာ အခုလိုမဲစာရင်းအလွဲအမှားတွေကို ပြန်လည်ပြင်ဆင်ဖို့ ဖြစ်တယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးသိန်းလိူင်ကပြောပါတယ်။



" မှတ်ပုံတင် နံပါတ် တူတာ၊ မပါတာ၊ အမည်လွဲတာ ၊ နေရာမသိတာတွေက ခရိုင်တိုင်းလိုလိုရှိတယ်။ တချို့ကမြို့နယ်တွင်းထပ်တာရှိတယ်။တချို့က မြို့နယ်ခြားပြီး ထပ်တာရှိတယ်။ အဲဒါတွေအားလုံးကို ဆွဲထုတ်နေတယ်။ အခုမဲစာရင်းထုတ်တာ မဲပေးခွင့်ရှိသူတိုင်း မဲမပေးရမဖြစ်ရအောင် အမှားတွေကိုပြင်ဖို့ပါ ။အဲ့ဒီမှာ ပုံစံ ၃ ၊ ပုံစံ ၄ စတဲ့ ပြင်ဆင်ဖို့ထားထားပါတယ်။ လွဲမှားနေတာရှိရင်ပြင်ဖို့ တောင်းဆိုပါ "လို့ ဦးသိန်းလိူင်ကပြောပါတယ်။

Photo- ဇူလိုင် ၂၅ ရက်တာမွေမြို့နယ်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မဲစာရင်းလာကြည့်သူများ

ဒါကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးပေမယ့် မဲပေးခွင့်စာရင်းမှာ မပါခဲ့ရင် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်ရုံးကိုသွားပြီး ပုံစံ(၃) တောင်းကာ အချက်အလက်အမှန်ကိုပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။ ပြင်ဆင်ချက်တွေကန ရရှိလာတဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ.ဝ.က) နဲ့ညှိနှိုင်းပြီး စိစစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo- ဇူလိုင် ၂၅ ရက်တာမွေမြို့နယ်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မဲစာရင်းလာကြည့်သူများ

လက်ရှိရန်ကုန်တိုင်းထဲက မဲစာရင်းမှာတော့ မှတ်ပုံတင် နံပါတ်တူသူ ၄ သိန်းကျော်ရှိနေသလို မှတ်ပုံတင်နံပါတ် မဖြည့်သွင်းရသေးသူတွ နဲ့ မဲစာရင်း ဖြည့်ဖို့ ကျန်ရှိနေတဲ့ လူဦးရေ ၂ သိန်း ကျော်ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုပထမအကြိမ်မဲစာရင်းတွေကို ဇူလိုင် ၁၅ ရက်ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ထုတ်ပြန်ကြေညာထားမှာဖြစ်ပြီး ရရှိလာတဲ့ မဲစာရင်းအမှားယွင်းတွေကို ပြန်လည်ပြင်ဆင်ကာ လာမယ့် အောက်တိုဘာလမှုာတော့ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းထပ်မံကြေညာမှာလည်း ဖြစ်ပါတယ်။

၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ၈ ရက်မှာကျင်းပသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ပထမဆုံးအကြိမ်မဲပေးနိုင်တဲ့ လူငယ်ပေါင်း ၄ သန်း ဝန်းကျင်တိုးလာတယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က