စက်တင်ဘာ(၁၁)ရက်ကနေ အောက်တိုဘာ(၁)ရက်အထိတားမြစ်ထားတာပါ။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက် ကိုဗစ်လူနာတွေများလာတာကြောင့် ရန်ကုန်နေပြည်သူလူထုအနေနဲ့ ရန်ကုန်တိုင်းပြင်ပကို ခရီးမသွားကြဖို့ တိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ရန်ကုန်တိုင်းအတွင်းက မြို့နယ် (၄၄)မြို့နယ်မှာ ကိုးကိုးကျွန်းမှအပ ကျန်မြို့နယ်တွေမှာ နေထိုင်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်နဲ့ အရေးကြီးကိစ္စရပ်တွေမှအပ တိုင်းဒေသကြီးပြင်ပကို စက်တင်ဘာ(၁၁)ရက်ကနေ အောက်တိုဘာ(၁)ရက်အထိ ခရီးမသွားကြဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာလိုက်တာပါ။



ရန်ကုန်တိုင်းဒေသကြီးမှာ ဩဂုတ်(၂၄)ရက် ကစပြီး စက်တင်ဘာ(၈)ရက်အထိ ပြည်တွင်းကူးစက်မှုလို့ သုံးသပ်ရတဲ့ အတည်ပြုလူနာ(၆၅၆)ဦးအထိရှိလာတဲ့အတွက် အခုလို ခရီးမသွားဖို့ တားမြစ်ရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရန်ကုန်က ကိုဗစ်ဒုတိယလှိုင်းကို သိသိသာသာခံစားနေရပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပိုးတွေ့လူနာ အများဆုံးနေရာလည်းဖြစ်နေပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း အတွင်း stay at home ကြေညာထားတဲ့ မြို့နယ်က (၂၈)မြို့နယ်အထိရှိထားပြီး ရန်ကုန်တိုင်းပြင်ပ ခရီးမသွားလာဖို့ကိုတော့ တစ်တိုင်းလုံးအနေနဲ့ လိုက်နာဖို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့ည (၈)နာရီ ထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံးမှာ ကိုဗစ်လူနာ(၂၁၅၀)ဦးအထိရှိနေပြီး ရန်ကုန်က (၁၀၅၃)ဦးပါဝင်နေပါတယ်။ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက် ထပ်တိုးလူနာ (၁၄၂)ဦးရဲ့ နေရပ်ဒေသတွေမသိရသေးဘဲ လူနာအများဆုံး စံချိန်တင်တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က