ဇူလိုင်လ(၃၀)ရက်နေ့မှာ ပြတ်တောက်မှာပါ။

အခုလိုမြို့နယ်(၂၁) မြို့နယ်မှာ ရေပေးဝေမှုပြတ်တောက်မှာဖြစ်တာကြောင့် သက်ဆိုင်ရာမြို့နယ်တွေမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြိုတင်စုဆောင်းနိုင်ကြဖို့ကိုလည်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အသိပေးကြေညာထားပါတယ်။

photo- ရန်ကုန်မြို့တော်ဝန်



ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့်ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေလျှက်ရှိပြီး ဇူလိုင်လ(၃၀)ရက်နေ့မှာတော့ မြို့နယ်(၂၁) မြို့နယ်မှာ ရေပေးဝေမှုပြတ်တောက်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သူရဲ့ Facebook အကောင့်ကနေပြီးတော့ ဇူလိုင်လ(၂၆)ရက်နေ့မွန်းလွဲပိုင်းက အသိပေးကြေညာခဲ့ပါတယ်။

ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၁၀း၀၀)နာရီကနေ ည(၁၀း၀၀)နာရီအတွင်း မှာ ရေပေးဝေမှုပြတ်တောက်မှာ ဖြစ်ပါတယ်။ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ ကျောက်တံတား၊ သာကေတ မြို့နယ်များရှိ ရပ်ကွက်များတွင် ရေအားလျော့နည်းခြင်းနှင့် ခတ္တရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် ရေကြိုတင်စုဆောင်းနိုင်ကြဖို့ကိုလည်း မြို့တော်ဝန်က အသိပေးထားပါတယ်။

ရန်ကုန်မြို့တွင်းကို ရေပေးဝေလျှက်ရှိတဲ့ ၅၆"Ǿ ဂျိုးဖြူပိုက်နှင့် ၄၂"Ǿ လှော်ကားပိုက်တို့ကို ဆက်သွယ်ထားတဲ့ ၂၄"Ǿပိုက်မှ Butterfly Valve လဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်မှာ ဖြစ်တာကြောင့်အခုလို မြို့နယ် တချို့မှာ ရေပေးဝေမှု ခတ္တရပ်ဆိုင်းရခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က