Ye Yint Htay

ရန်ကုန်တိုင်းရဲ့မဲပေးခွင့်ရှိတဲ့ လူစာရင်းမှာ နိုင်ငံသားမှတ်ပုံတင်(နံပါတ်)တူနေသူ ၄ သိန်းကျော်ရှိနေတယ်လို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ကနေ မဲပေးခွင့်ရှိသူစာရင်းကိုထုတ်ပြန်ကြေငြာတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ မိမိနာမည် နဲ့ မှတ်ပုံတင် ကိုက်ညီမှုရှိ,မရှိကို သွားရောက်စစ်ဆေးပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဖို့ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။ 



“ထပ်နေတာက ကိန်းဂဏန်းအားဖြင့် ၄ သိန်း ကျော်လောက်တော့ ရှိတယ်။ ထပ်နေတာတွေ အပါ်မှာမှ အတည်ပြုထားနိုင်တဲ့ စာရင်းဇယားတွေလည်းရှိပြီ ဖြစ်တယ်။ဒါကြောင့် ပြည်သူက ကိုင်ဆောင်ပြီး ပြောဆိုထားတဲ့ အချက်တွေပေါ်မှာ မူတည်ပြီးသာ မှန်ကန် တဲ့ စာရင်းဇယားမျိုးရမှာ ဖြစ်တယ်”လို့ ဒေါမိုးမိုးစုကြည် ကပြောပါတယ်။ 

Photo: Big Boss

ရန်ကုန်တိုင်းအတွင်း မဲစာရင်းမှန်ကန် စေဖို့အတွက် အဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းနဲ့ စာရင်းအင်းအချက်အလက် စစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်းမှာ အဖအမည်လွဲမှားတာ၊ မှတ်ပုံတင်နံပါတ်မပါရှိတာ၊ မှတ်ပုံတင်နံပါတ်ထပ်နေတာတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။ လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာက မဲပေးခွင့်ရှိသူ ဦးရေ ၅၆ သိန်းကျော် အထက်မှာ ရှိနေပြီး ဒီထဲမှာ  မှတ်ပုံတင်နံပါတ်တူနေသူတွေ၊မှတ်ပုံတင်နံပါတ် မဖြည့်သွင်းရသေးသူတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သစ္စာစီမံချက်တွေနဲ့ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာတွေအထိ မှတ်ပုံတင်တွေကို လုပ်ဆောင်ပေးနေ တယ်လို့ သိရပါတယ်။ ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာမှာကျင်းပမှာဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ မဲပေးခွင့်ရှိသူပထမအကြိမ်အခြေခံမဲစာရင်းကိုတော့ ဇူလိုင်၂၅ရက်ကနေ သြဂုတ်လ၇ရက်အထိ ၁၄ရက်တာအတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေကနေ ကြေညာပေးမှာ ဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ


Author

  • Ye Yint Htay

    Producer/Editor (Duwun Sports)


က္က