လက်ရှိရန်ကုန်တိုင်း အတွင်းမှာ မှတ်ပုံတင်မရှိသူနှင့် မဲစာရင်း ဖြည့်ဖို့ ကျန်ရှိနေတဲ့ လူဦးရေ ၂ သိန်း ကျော်ရှိနေပါတယ်။

ရန်ကုန်တိုင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်သူ ဦးရေ က ၅ ဒသမ ၈ သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

 မဲပေးခွင့်ရှိသူ အခြေခံမဲစာရင်းကိုတော့ ယခု ဇူလိုင်လ ၂၅ ရက်နေ့ကနေ ဩဂုတ်လ ၇ ရက်ထိ ၁၄ ရက်တာကာလအတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွေကနေထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။



 “ဒါက အခုလက်တလောမှာ ကောက်ယူထားတဲ့စာရင်းအခြေအနေပါ ။ အဲဒီမှာ ကွဲလွဲမှုနည်းနည်း ရှိနိုင်တာက ဒီဇင်ဘာလ ၃၁ ရက်ထိ ၁၈ နှစ်ပြည့်ပြီးတဲ့ ပုဂ္ဂိုလ်တွေလည်း ပါလာနိုင်တယ်။ ဒါကြောင့် အဲဒီပေါ်မှာမူတည်ပြီး လျော့သွားနိုင်တာမျိုးလည်း ရှိကောင်းရှိနိုင်တယ်။ အခု အခြေအနေမှာတော့ ၅ ဒသမ ၈ သန်းရှိနေပါတယ်”လို့ ရန်ကုန်တိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။ 

 မဲစာရင်းကြေညာတဲ့ ရက်တွေမှာ မဲပေးခွင့်ရှိသူစာရင်းကို သွားရောက်ကြည့်ရှုပြီး မိမိနာမည်မပါပါက အချိန်မီပြင်ဆင်ထည့်သွင်းဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါမှသာ နိုင်ငံသားတစ်ယောက်ရပိုင်ခွင့်ဖြစ်တဲ့ မဲပေးခွင့်မဆုံးရှုံးမှာ ဖြစ်ပါတယ်။

Photo- Big Boss

 “အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဥပဒေနဲ့အညီ မဲပေးခွင့်ရအောင်လို့ တင်ပြထားတယ်။ အဓိက ဆိုလိုချင်တာက မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မရှိတဲ့ အခြေခံလူတန်းစား ရွှေ့ပြောင်း တွေကများတယ်။ မရှိတဲ့ လူဦးရေကများတယ်။ မဲထည့်တဲ့ လူဦးရေကလည်း နည်းတယ်။ အဲဒါဘာကြောင့်လဲဆိုရင် ဖောင်းပွနေတဲ့ စာရင်းတွေရှိနေလို့ဖြစ်တယ်။ ”လို့လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် က ပြောပါတယ်။

လက်ရှိရန်ကုန်တိုင်း အတွင်းမှာ မှတ်ပုံတင်မရှိသူနှင့် မဲစာရင်း ဖြည့်ဖို့ ကျန်ရှိနေတဲ့ လူဦးရေ ၂ သိန်း ကျော်ရှိနေပါတယ်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကတော့ လာမယ့် ၂၀၂ဝ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပထမဆုံးအကြိမ်မဲပေးနိုင်မယ့် လူငယ်ပေါင်း ၄ သန်း ဝန်းကျင် ထပ်တိုး လာနိုင်တယ်လို့ခန့်မှန်း ထားပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က