တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြထားပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ တတ်ရောက်နေတဲ့ကျောင်းသူအမျိုးသမီးတွေကို ကျောင်းတွင်းကျောင်းပြင်မှာ ထိပါးနှောင့်ယှက်မှုတွေ ရှိနေတာကြောင့် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကနေ အရေးယူပေးဖို့အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ကနေ တောင်းဆိုထားပါတယ်။


ဇန်နဝါရီ ၁၅ ရက်နေ့က ရန်ကုန်တက္ကသိုလ် ရာမညဆောင် ဂိတ်ပေါက်ဝမှာ တက္ကသိုလ်တွင်းက အမျိုးသမီးတွေကို ကိုယ်အားနှုတ်အားဖြင့် အမျိုးမျိုး ထိခိုက်စော်ကားမှုတွေရှိနေတယ်လို့ တိုင်ကြားမှုများရှိခဲ့သလို မကြာခဏဆိုသလို ဒီလို ဖြစ်စဉ်တွေ ဖြစ်ပွားနေတာကြောင့် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကနေ ဖြေရှင်းပေးဖို့တင်ပြထားတယ်လို့ သမဂ္ဂဥက္ကဌ ကိုဘုန်းထက်မောင်က Duwun ကိုပြောပါတယ်။



“ ကျောင်းမှာ လုံခြုံရေးအားနည်းတာကို အဓိကပြောခဲ့တယ်။ တက္ကသိုလ်ဝင်းထဲမှာ ရန်ကုန်တက္ကသိုလ်ထဲမှာ ရပ်နေတဲ့ကိစ္စတွေကို ဘယ်သူက တာဝန်ယူပေးမှာလဲ ဆိုတာကို ပြောခဲ့တယ်။တက္ကစီမောင်းတဲ့သူတိုင်းမဟုတ်ပါဘူး။ ဒါပေမယ့် အများစုက တက္ကစီမောင်းတဲ့သူတွေက ကျောင်းသူတွေကို ထိပါးစနောက်တာမျိုးတွေရှိနေတယ်။ အဲဒီကိစ္စတွေကို တင်ပြခဲ့တယ်” လို့ ကိုဘုန်းထက်မောင်က ဆိုပါတယ်။

လက်ရှိတော့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က နေ ကျောင်းတွင်း တက္ကစီယာဉ်တွေ ရပ်နားနေတဲ့ကိစ္စကို ဖြေရှင်းပေးသွားမှာဖြစ်ပြီး ရပ်တင်ချစနစ်နဲ့သာ ခွင့်ပြုတော့မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားကျောင်းသားတွေအပြင် အပြင်က လူတွေပါ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ဆွေးနွေးပွဲတစ်ခုပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကနေ သိရပါတယ်။



က္က