ဒီနေ့နေ့လည်ပိုင်းမှာ ကျောင်းတာဝန်ရှိသူတွေနဲ့ ကျောင်းသား/သူတွေ ညှိနှိုင်းပြီးတဲ့နောက် အပင်ခုတ်ခြင်း ရပ်ဆိုင်းဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။
Ei Ei Htun

ရန်ကုန်တက္ကသိုလ်ပတ်လမ်းဖောက်လုပ်ဖို့အတွက် တက္ကသိုလ်ဝန်းထဲက သစ်ပင်များခုတ်လှဲခြင်းကို ရပ်ဆိုင်းပေးရန်ကျောင်းသားများသမဂ္ဂအဖွဲ့က တက္ကသိုလ်ဝန်းအတွင်းမှာဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ ‌

သစ်ပင်များခုတ်လဲခြင်းကိုရပ်တန့်ပေးရန်တာ၀န်ရှိသူတွေအနေနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ ဒီကနေ့ နိုဝင်ဘာလ၄ရက်နေ့ မနက်ပိုင်းကထိ ‌ပြေလည်မှုမရရှိခဲ့ပေမယ့် နေ့လယ်ပိုင်းမှာတော့ သစ်ပင်များခုတ်လဲခြင်းကိုယာယီရပ်ဆိုင်းထားရန် ကျောင်းသားတွေနဲ့ တာဝန်ရှိသူတွေကြားမှာသဘောတူညီမှုရရှိခဲ့ကြပါတယ်။ ကျောင်းသား/ကျောင်းသူတွေ ဆရာ/ဆရာမတွေရဲ့ သဘောတူညီချက်ရယူပြီးမှ တက္ကသိုလ်ပတ်လမ်းတည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့အနေနဲ့ကလည်းဆန္ဒပြတောင်းဆိုရာမှာ တက္ကသိုလ်ပတ်လမ်းအပိုအလိုမရှိကြောင်း၊ ကျောင်းသားထုဆန္ဒမပါတဲ့‌သစ်ပင်များခုတ်မှုချက်ခြင်းရပ်၊ တက္က‌သိုလ်မြေနေပူမှာဆိုးတယ်၊ သစ်ပင်တွေက အစိုးရပိုင်မဟုတ် စတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး တက္ကသိုလ်ဝန်းထဲမှာဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

" အခုကျွန်တော်တို့အစည်းအဝေးဆုံးဖြတ်ချက်အရတော့ ယာယီရပ်ဆိုင်းလိုက်တာပေါ့။ သူတို့ကပြောတယ် ကျောင်းသားတွေရဲ့ သဘောတူညီချက်ရမှ ဒါကိုဆက်လုပ်မယ်ဆိုတော့ ကျွန်တော်တို့ကျောင်းသားတွေဘက်ကလည်း ဒီပတ်လမ်းလုပ်မယ့်ကိစ္စကိုလုံးဝသဘောတူမှာမဟုတ်ပါဘူး။ အခုပတ်လမ်းလုပ်မယ့်နေရာတစ်လျှောက်ကလည်း ကျောင်းသား၊ကျောင်းသူတွေအဆောင်တွေရှိတယ်။ အခုတက္ကသိုလ်ရဲ့ဝင်ပေါက်တွေလည်းအများကြီးရှိနေတာပဲ။ ပတ်လမ်းလုပ်လိုက်လို့ ကျောင်းသား၊ကျောင်းသူတွေရဲ့ လုံခြုံရေးအတွက်တောင်စိုးရိမ်ရသေးတယ်။သစ်ပင်တွေခုတ်တော့ ကျောင်းရဲ့ စိမ်းလန်းစိုပြေမှုကိုလည်းထိခိုက်တာကြောင့် ကျွန်တော်တို့ကျောင်းသားတွေကတော့ ဒီပတ်လမ်းကိစ္စကိုလုံးဝသဘောတူမှာမဟုတ်ဘူး"လို့ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုညီဇော်က မီဒီယာတွေကိုပြောပါတယ်။

လက်ရှိမှာတော့ တက္ကသိုလ်ဝန်းအတွင်းသစ်ပင်များခုတ်လှဲမှုကိုယာယီရပ်ဆိုင်းထားပြီး အားလုံးရဲ့ သဘောတူညီချက်ယူပြီးမှ တက္ကသိုလ်ပတ်လမ်းကိုလည်းဆက်ဘက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။


က္က