န်နဝါရီလ၈ ရက်နဲ့ဇန်နဝါရီလ ၁၀ ရက်တို့မှာ မနက် (၉) နာရီကနေ နေ့လယ် (၁၂) နာရီအထိပြတ်တောက်မှာပါ။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃၁ မြို့နယ်မှာ ဇန်နဝါရီလ ၈ ရက် မနက် (၉) နာရီကနေ နေ့လယ် (၁၂) နာရီအထိ တစ်ကြိမ်၊ ဇန်နဝါရီလ ၁၀ ရက် မနက် (၉) နာရီကနေ နေ့လယ် (၁၂) နာရီအထိ တစ်ကြိမ် လျှပ်စစ်မီး ယာယီပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကင်း၊ဗိုလ်တစ်ထောင်၊ မြောက်ဥက္ကလာ၊တာမွေ၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ တောင်ဥက္ကလာ၊သင်္ဃန်းကျွန်း၊ဒေါပုံ၊ပုဇွန်တောင်၊ ကမာရွတ်၊အလုံ၊ မရမ်းကုန်း၊ လမ်းမတော်၊ဗဟန်း၊ လှိုင်၊လသာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ရွှေပြည်သာ၊ လှည်းကူး၊မှော်ဘီ၊ တိုက်ကြီး၊ဖောင်ကြီး၊ ဒါးပိန်၊အင်းတိုင်၊ မြောင်းတကာ၊ဥက္ကံ၊ထန်းတပင်၊ထောက်ကြန့် မြို့နယ်တွေက ရပ်ကွက်အချို့မှာ မီးယာယီပြတ်မယ်ဆိုပြီး ကြေညာထားတာပါ။



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိခရိုင်နှင်.မြို.နယ်များတွင် ( ၆၆ )ကေဗွီ၊ (၃၃)ကေဗွီဓာတ်အားခွဲရုံတွေ၊Distribution Transformerတွေထိန်းသိမ်းပြုပြင်တဲ့လုပ်ငန်းတွေ၊ ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာပေးနိုင်ဖို့ ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့တဲ့(၁၁)ကေဗွီဓာတ်အားလိုင်းကြိုးတွေကို လျှပ်ကာပါတဲ့ဓာတ်အားလိုင်းကြိုးအသစ်တွေနဲ့ လဲလှယ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်တဲ့အတွက် မီးယာယီပြတ်တောက်မယ်လို့ သိရပါတယ်။

လျှပ်စစ်မီး ယာယီပြတ်တောက်တဲ့အတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေ အသိပေးကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က