လျှပ်စစ်မီတာခတွေတိုးတာပြဿနာမရှိဘူးလို့ဆိုပါတယ်။
Hmue Eain Zaw

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ အစိုးရစဖြစ်ကတည်းက ပြည်သူတွေအတွက် ကုန်ဈေးနှုန်းကျဆင်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။

Photo - Yangon Region Government

ါကြောင့် ရန်ကုန်တိုင်းအတွင်းမှာ စက်သုံးဆီဈေးတွေ မြင့်တက်မလာအောင်လို့ ထိန်းဖို့အတွပ် Yangon Petrol ကိုတည်ထောင်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောပါတယ်။

စက်သုံးဆီဈေးတွေဟာ နိုင်ငံတကာမှာ ဈေးတက်သွားပြီး ရင် လိုက်တက်သွားပေမယ့် ဈေးပြန်ကျတဲ့အခါမှာ ပြန်ကျလာခြင်းမရှိတာကြောင့် စက်သုံးဆီဖြန့်ချီသူတွေနဲ့ အကြိမ်ကြိညှိနှိုင်းခဲ့ပေမယ့် မရခဲ့တာကြောင့်လို့ဆိုပါတယ်။

Yangon Region Government

"ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ပြည်သူအတွက်အကျိုးရှိစေမယ့် အရာတွေကို တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲကနေဆောင်ရွက်တာပါ။"လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ဒါ့အပြင် လတ်တလောလျှပ်စစ်မီတာခတွေတိုးပြီးကောက်တာဟာလည်း ရေရှည်မှာ အဆင်ပြေစေဖို့ဖြစ်ပြီး ကုန်ဈေးနှုန်းတွေ တက်လာစေမှာ မဟုတ်ဘူးလို့ လည်း ဦးဖြိုးမင်းသိန်းကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က