ကနဦးအနေနဲ့ အင်းစိန်မှာ လုပ်နေပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်များရှိ ရပ်ကွက်တွေမှာ အမှိုက်ထုတ်တွေကို တိုက်ရိုက်သိမ်းဆည်းစနစ် ဆောင်ရွက်တော့မှာ ဖြစ်ပြီး ကနဦး စီမံချက်အနေနဲ့ အင်းစိန်မြို့နယ်မှာ စတင်လုပ်ဆောင်နေပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

Photo- MMA



မြို့နယ်တွေရပ်ကွက်တွေအတွင်းရှိ အိမ်တွေက စွန့်ပစ်အမှိုက်တွေကို သတ်မှတ်ရက်၊သတ်မှတ်ရက်အချိန်မှာ မိမိတို့ရဲ့ အိမ်ရှေ့မှာ အမှိုက်ထုတ်ချထားပြီး သက်ဆိုင်ရာ စည်ပင်ကနေ သိမ်းယူတဲ့စနစ်ကို လုပ်ဆောင်တာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က Duwun ကိုပြောပါတယ်။

“ကျွန်တော်တို့ ဒါကို လုပ်နေတာ နည်းနည်းကြာပါပြီ။ ဒီစနစ်က နိုင်ငံတကာမှာလည်းရှိပါတယ်။ ကိုယ့်အိမ်ရှေ့မှာ သတ်မှတ်ထားတဲ့အချိန်ကျရင် အမှိုက်ထုတ်ကို ချထားပြီး အမှိုက်သိမ်းကားကနေ လာကောက်ယူသွားတဲ့စနစ်ပါ။ ဒီစနစ်အောင်မြင်ဖို့က အမှိုက်ကားတွေ၊ လူအင်အားတွေနဲ့ စက်သုံးဆီတွေ လိုအပ်ပါတယ်။”လို့ ဦးဇော်ဝင်းနိုင်က ဆိုပါတယ်။

အဆုိပါ စနစ်ကို ပြီးခဲ့တဲ့နှစ်တွေကတည်းက လုပ်ဆောင်နေတာဖြစ်ပေမယ့်လည်း ပြည်သူတွေသိရှိမှုအားနည်းနေတာကြောင့် အသိပညာပေးဖို့လည်း လိုအပ်နေသေးတယ်လို့ ဦးဇော်ဝင်းနိုင်က ဆက်ပြောပါတယ်။

လက်ရှိမှာ အင်းစိန်မြို့နယ်က ရပ်ကွက်တွေမှာ အထုတ်ကောက်တိုက်ရိုက်သိမ်းဆည်းဆောင်ရွက်နေမှုကို ကနဦးစီမံချက်အဖြစ် လုပ်ဆောင်နေပြီး အင်းစိန်မြို့နယ်ရှိ မြို့သစ်(က+ခ)ရပ်ကွက်၊ ဒ အောင်ဆန်း၊ တောင်သူကုန်း၊ ကြို့ကုန်းအနောက်၊ ကမ်းနားအလယ်နှင့်ဈေးကုန်းအရှေ့ရပ်ကွက် တွေမှာ ဆောင်ရွက်နေတယ်လို့လည်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က