ကားဘီးခိုးမှု ၂၄ မှုကိုဖော်ထုတ်ရမိခဲ့တာဖြစ်ပါတယ်

ရန်ုကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ကားဘီးအလုံးပေါင်း (၅၅)လုံးဖြုတ်ခိုးတဲ့ အုပ်စုကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဓါတ်ပုံ-ရန်ကုန်ရဲတပ်ဖွဲ့



ကားဘီးခိုးမှု ၂၄ မှုကိုဖော်ထုတ်ရမိခဲ့တာဖြစ်ပြီးတော့ မှော်ဘီမှာနေထိုင်တဲ့ ဖြိုးလေးအပါအဝင် သင်္ကြန်မောင် တို့ကိုနေထိုင်ရာအိမ်တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ရပ်နားထားတဲ့ယာဉ်တွေဆီကနေ ကားဘီးတွေဖြုတ်ယူခိုးခဲ့တာဖြစ်ပြီးတော့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ဒဂုံတောင်မြို့နယ်၊ ရန်ကင်းမြိုနယ်၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့မှာ ရပ်ထားတဲ့ ကားတွေကနေ ဘီးဖြုတ်ခိုးခဲ့တာဖြစ်ပါတယ်။

လိုက်ထရပ်ယာဉ်၊ဟိုက်ဂျက်ယာဉ်တွေဆီက တာယာတွေအများဆုံးဖြုတ်ယူခိုးခဲ့တာဖြစ်ပြီးတော့ ကန်တာအမျိုးအစားယာဉ် ၊TOWNAGE ယာဉ်၊ ဘွန်ဂိုယာဉ်တွေဆီကနေလည်း ဖြုတ်ယူပြီး ခိုးမှုကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။

ခိုးယူခဲ့တဲ့ ကားဘီးတွေကိုတော့ လှိုင်သာယာမြို့နယ်(၁)ရပ်ကွက်၊မဟော်သဓာလမ်းမှာနေတဲ့ ရဲထွန်း(ခ)ဘိုကာရီ (၃၅)နှစ်ကို ခေါ်ပြီး ဖြုတ်ယူခဲ့တဲ့ ကားဘီးတွေကိုယူဆောင်ပြီးရောင်းချပေးခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ စစ်ဆေးချက်တွေအရ သက်သေခံပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းခဲ့ပြီးတော့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့ အညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က