ရန်ကုန်တိုင်းရဲ့ ခရီးသွားလုပ်ငန်းပိုကောင်းလာမယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းခရီးသွားလုပ်ငန်းမြှင့်တင်ဖို့အတွက် ရန်ကုန်တိုင်းကိုယ်စားပြုလာဘ်ကောင်ပုံစံအဖြစ် ပစ်တိုင်းထောင်မောင်နှံအရုပ်ကို ရွေးချယ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာထားပါတယ်။


ဓါတ်ပုံ-တိုင်းအစိုးရ



အဆိုပါပစ်တိုင်းထောင်အရုပ်ကို အခြေပြုပြီးယှဉ်ပြိုင်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကြေညာခဲ့တာဖြစ်ပြီးတော့ ပြိုင်ပွဲဝင်ပုံစံ(J)က အနိုင်ရရှိတာဖြစ်ပြီး စုစုပေါင်း အမှတ် ၇၄ မှတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဓိကအရောင်ခရမ်းရောင်ကို အသုံးပြုထားတာဖြစ်ပြီး ရန်ကုန်တိုင်းအတွက် တရားဝင်သတ်မှတ်ထားတဲ့အရောင်လည်းဖြစ်ပါတယ်။ ပစ်တိုင်းထောင်ရဲ့ပုံစံကို အထီးအမ တစ်စုံပါဝင်တဲ့ပုံစံဖြစ်ပြီးတော့ ဦးခေါင်းထိပ်က သရဖူပုံစံခေါင်းဆောင်းက ၇န်ကုန်ရဲ့ အထင်ကရ ရန်ကုန်မြို့တောခန်းမရဲ့ ပင်မခေါင်မိုးပုံဖြစ်ပြီးတော့ အသစ်တဖန်မွေးဖွားခြင်းနဲ့ သြဇာအာဏာကြီးခြင်း ကိုပေါ်လွင်စေနိုင်အောင်ဖြစ်တယ်လို့ သိရပါတယ်။

ပစ်တိုင်းထောင်အမရဲ့ ဆံပင်ပုံစံက မြန်မာအမျိုးသမီးတွေရဲ့ ဆံထုံးပုံစံဖြစ်ပြီးတော့ ရန်ကုန်တိုင်းရဲ့ အထိမ်းအမှတ်ကြယ်ပုံစံနဲ့ အနီရောင်ပန်းပွင့်ကို ပန်ဆင်ထားတာလို့ ရှင်းလင်းထားပါတယ်။

မျက်နှာပုံစံကို မြန်မာလူမှုအသိုင်းအဝိုင်းနဲ့ ကိုက်ညီအောင်ဖန်တီးထားတာဖြစ်ပြီးတော့ မြန်မာ့ရိုးရာသနပ်ခါးကို လိမ်းကျံထားတာဖြစ်ပြီး ဟိုတယ်ခရီးဌာနရဲ့ အစိမ်းရောင်နဲ့ စပါးနှံခက်တွေ ပါရှိထားပါတယ်။

အဲ့ဒီလာဘ်ကောင်ပုံစံတွေကို ရန်ကုန်ရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့အသုံးပြုသွားမှာဖြစ်ပြီး ရန်ကုန်တိုင်းရဲ့ ခရီးသွားလုပ်ငန်းပိုကောင်းလာမယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က