မရမ်းကုန်း ၂ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် အသစ်ဖွဲ့စည်းသွားမယ့် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအတွက် ဝန်ကြီးအဖြစ် မရမ်းကုန်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်ကို အမည်စာရင်းတင်သွားထားတယ်လို့ သိရပါတယ်။



Photo - Moe Moe Sukyi FB

ဝန်ကြီးဌာနအသစ်တစ်ခုဖွဲ့စည်းဖို့ ဇွန်လ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမည်စာရင်းတင်သွင်းလိုက်ဖြစ်ပါတယ်။

အခုတင်သွင်းလိုက်တဲ့ ဝန်ကြီးဌာနအသစ်အတွက် ဝန်ကြီးအသစ်ကို ကန့်ကွက်လိုတဲ့ကိုယ်စားလှယ်တွေရှိရင် ကန့်ကွက်ရတဲ့ အကြောင်းအရင်းခိုင်လုံတဲ့အထောက်အထားတွေနဲ့အတူတင်သွင်းဖို့ ဒုတိယလွှတ်တော်ဥက္ကဌက ကြေညာထားပါတယ်။

Photo - Moe Moe Sukyi FB

ပြီးခဲ့တဲ့လကစပြီး မြန်မာတစ်နိုင်ငံလုံးက တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအားလုံးမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတွေ တိုးချဲ့ဖွဲ့စည်းဖို့ကို နိုင်ငံတော် သမ္မတကလွှတ်တော်တွေကို စာပေးပို့ထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ လျှပ်စစ်စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဌာန၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေး ဝန်ကြီးဌာန နဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က