ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေပြီးသွားတာနဲ့ တရားဝင် ပြေးဆွဲသွားမှာတော့မှာပါ။

ရန်ကုန်ဘူတာကြီးကနေ မော်လမြိုင်ကို ဂျပန်နိုင်ငံမှ ရထားတွဲသစ်တွေနဲ့ စမ်းသပ်ပြေးဆွဲခဲ့တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

စမ်းသပ်ပြေးဆွဲခဲ့သည့် ရန်ကုန်-မော်လမြိုင်ရထား (ဓာတ်ပုံ- htay aung)

မတ်လ ၂ ရက်နေ့မှာ စမ်းသပ်ပြေးဆွဲတာဖြစ်ပြီး ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေပြီးသွားတာနဲ့ တစ်ပြိုင်နက် တရားဝင် ပြေးဆွဲသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။



“သန့်ရှင်းသပ်ရပ်ပြီးတော့ အဲကွန်းတွေလည်း ကောင်းတယ်။ ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရ တားမြစ်ချက်တွေလည်း တွေ့ရတယ်။ ခုံတွေကလည်း ကောင်းပြီးတော့ ငြိမ့်ညောင်းစွာစီးနင်းခွင့်ရခဲ့တယ်” လို့ စမ်းသပ်မောင်းနှင်စဉ်မှာ စီးနင်းခဲ့တဲ့ ဦးဌေးအောင်က သူ့အတွေ့အကြုံကို Facebook မှာ ရေးသားထားပါတယ်။

လက်ရှိမှာ အမြန်နှုန်း ၇၀ ကီလိုမီတာ(၄၃)မိုင်ကျော် စမ်းသပ်မောင်းနှင်ခဲ့ပြီးတော့ အဆင့်မြှင့်တင်ပြီးတယ်ဆိုရငင်တော့ ကီလိုမီတာ ၁၀၀ (၆၂)မိုင်ကျော် နှုန်းနဲ့ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအဆင့်မြှင့်တင်တာကိုတော့ ကျပ်ကိုးဘီလီယံအကုန်အကျခံပြီး ပြင်ဆင်နေတာဖြစ်ပြီးတော့ ၂၀၁၉ ခုနှစ်မှာ အပြီးသတ်လုပ်ဆောင်မှာဖြစ်ပြီးတော့ လက်ရှိမှာ ရန်ကုန်- မော်လမြိုင်သွားတဲ့ ခုတ်မောင်းချိန်က ကိုးနာရီခန့်ကြာမြင့်တာဖြစ်ပြီး ရထားလမ်းပိုင်းအဆင့်မြှင့်ပြီးရင် ခုတ်မောင်းချိန် ၆ နာရီခန့်သာကြာတော့မှာဖြစ်တယ်လို့ မြန်မာ့မီးရထားလုပ်ငန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က