မိန်းကလေးဝန်ထမ်း (၂)ဦးလို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည(၈)နာရီ ထုတ်ပြန်ချက်မှာပါဝင်ခဲ့တဲ့ ထပ်တိုးလူနာ (၅၃)ဦးထဲမှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်က (၃)ဦးပါဝင်ခဲ့ပါတယ်။

သင်္ဃန်းကျွန်းက ပိုးတွေ့လူနာ (၃)ဦးမှာ (၂)ဦးက သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ Music Zone Restaurant မှ ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။



“ ဒီည ပိုးတွေ့(၃) ဦးထဲမှာ (၂) ဦးကတော့ Music Zone Restaurant က ဝန်ထမ်းမိန်းကလေးတွေပါ။ စာရေးမတွေလို့ သိရတယ်။ နှစ်ယောက်လုံးက လူနာအမှတ် (၇၄၁) နဲ့ ထိတွေ့ထားလို့ ကွာရန်တင်းထားရာကနေ အခု ပိုးတွေ့ခဲ့တာပါ။ အခု ညတွင်းချင်းပဲ Music Zone ကို lockdown လုပ်ပါမယ်။ ဆိုင်ဝန်ထမ်းအားလုံးကို ဘယ်လိုလုပ်မလဲဆိုတာတော့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်မယ်” လို့ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကို ပြောပါတယ်။

Music Zone Restaurant ကို သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်း ဇဝနရပ်ကွက်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ပိုးတွေ့လူနာ ဝန်ထမ်းမိန်းကလေးနှစ်ဦးက ကွာရန်တင်းထားရှိထားသူတွေဖြစ်လို့ ကွာရန်တင်းစင်တာကနေပဲ ဆေးကုသမှုခံယူမယ့် ဆေးရုံကို ပို့ဆောင်မှာဖြစ်ပါတယ်။ ဒီနေ့ည သင်္ကန်းကျွန်းက ပိုးတွေ့ လူနာ (၃) ဦးထဲက ကျန်တစ်ဦးရဲ့ အကြောင်းကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ည ထပ်တိုး လူနာ (၅၃) ဦးမှာ ရခိုင်က (၃၀) ဦး ၊ရန်ကုန်က (၂၁) ဦး၊ မန္တလေးက (၁) ဦးနဲ့ မွန်ပြည်နယ်က (၂) ဦး ပါဝင်ခဲ့ပါတယ်။

ဆိုင်ဝန်ထမ်း နှစ်ဦးနဲ့ ထိတွေ့ခဲ့တဲ့ လူနာအမှတ် (၇၄၁)က လေဆိပ်ဝန်ထမ်းဖြစ်ပြီး ပိုးမတွေ့ခင်က ဝန်ထမ်းမိန်းကလေးနှစ်ဦးဆီလာရောက်လည်ပတ်သွားခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က